3.Z

57 6 2
                                    

Sky Bar ကနေ တဆင့် Club ရောက်သွားတဲ့အခါ..
Glory က တော်တော်လေး မူးနေပြီ။ ‌သောကြာညဆို
တော့လည်း လူငယ်ပီပီ ကဲချင်တိုင်း ကဲတော့တာပဲ။
သူကတော့ တပတ်လုံး အလုပ်ပုံကြားထဲ ပိတ်မိခဲ့တာ
မို့ အိမ်ပြန်ကာ ရေ‌နွေးနွေးလေးစိမ်ပြီး နားချင်လှပြီ။

ဖုန်းကဒ်လည်း လွှင့်ပစ်ခဲ့သည်မို့ ဒီညနဲ့ ဒီပိတ်ရက်မှာ
သူ့ကိုနှောင့်ယှက်မယ့်သူလည်းမရှိ။ အရေးကြီးကိစ္စ
ရှိမှာသာ အလွန်ဆုံး သူ့အတွင်းရေးမှူးတယောက် သူ့
အိမ်အထိ ရောက်ချလာရုံမည်သာ။

ဆူညံပူညံမရှိမည့် ဒီလိုပိတ်ရက်မျိုးက အလွန်ရှားပါး
တယ် မဟုတ်လား။

အခုတော့.. စိတ်ကူးထဲက သူ့အနားယူချိန်လေးဟာ
သား.. သားကို.. ဆိုတဲ့ မချွဲနွဲ့တတ်ပါပဲ နူးညံ့တတ်တဲ့
ကောင်လေးရဲ့ပူစာသံအောက်မှာ လွယ်လင့်တကူ‌
ပျောက်ပျယ်ခဲ့ရတာပေါ့။

မီးရောင်စုံပြိုးပြိုးပြက်ပြက်တွေကြားမှာ မြူးတူးစွာ
ကခုန်နေသည့် ထိုကောင်လေးကိုကြည့်ရင်း အတိတ်
က သူ့ကိုသူ ပြန်သတိရမိလာသည်။

သူလည်းပဲ အရင်ချိန်က Glory နည်းတူ လူငယ်လေး
တယောက် ဖြစ်ခဲ့ဖူးတယ်။ ချစ်တဲ့သူလက်ကို ဆွဲကာ
ပျော်စရာတွေကြား တိုးဝင်ပျော်ပါးခဲ့ဖူးတယ်လေ။

ဒီလိုဘ၀လေးက သိပ်ပြီးပြည့်စုံလွန်းခဲ့တာပါ။

အလုပ်ကြိုးစားလုပ်ကာ ပိုက်ဆံလေးစုပြီး ချစ်တဲ့သူ
နဲ့ နှစ်ယောက်တကမ္ဘာတည်ထောင်ဖို့က သူ့အိမ်မက်။
ဆွေမျိုးလည်းမသိ.. မိဘကိုလည်းမကြည့်ခဲ့ပါပဲ သူ့
လေထဲက တိုက်အိမ်လေးအတွက် အားကုန်ကြိုးစား
ရုန်းကန်ခဲ့တာရယ်။

အရာအားလုံးဟာ အဆင်ပြေနေရင်းနဲ့မှ ချစ်ရတဲ့သူ
က သူ့ကိုစွန့်ပစ်ပြီး တခြားကောင်နောက်လိုက်သွားခဲ့
တယ်။ မျှော်လင့်ရည်မှန်းထားသမျှတွေ အားလုံးက
လမ်းခွဲရအောင်ဆိုတဲ့စကားတခွန်းနဲ့အတူ ဖုန်မှုန့်‌တွေ
လို လွှင့်ပါသွားခဲ့တာ။

အပျော်တွေနဲ့လူငယ်ဘ၀လည်း ဒီလိုနဲ့ ပြီးဆုံးသွားပါ
ရောလား။ အဲ့နောက်ပိုင်း.. သူ့မှာ အချစ်ရော အပျော်
ကိုပါ မရှာဖြစ်တော့ဘူး။

Dancing with DaisyWhere stories live. Discover now