အိမ်သာဘက်ကို သွားသလိုလိုနဲ့.. Seungri မှာ ဆိုင်
အနောက်တံခါးမှတဆင့် နောက်ဖေးလမ်းကြားထဲသို့
ထွက်လာခဲ့ကာ လူသူကင်းရှင်းသည့် ဒီလမ်းကြားထဲ
မှာ..ခဏလောက် လေကောင်းလေသန့်ရှူရင်း စိတ်ကို
တည်ငြိမ်အောင် ကြိုးစားနေရသည်။ခေါင်းထဲမှာတော့ တဝီဝီ ဖြစ်နေဆဲ..
Kwon Jiyong က သူ့ကိုမှတ်မိနေပြီး ဒီ message
တွေ ပို့ကာ တမင်သက်သက် ကလိနေခဲ့တာပဲ..ဘာဖြစ်လို့ ကြက်သီးထစရာကောင်းလောက်အောင်
ဒီလိုစနောက်နေတာလဲ။ အရင်က အဖြစ်အပျက်တွေ
ကို မကျေနပ်လို့ လက်တုန့်ပြန်တာများလား။အရက်အမူးလွန်လို့ မတော်တဆ ဖြစ်ခဲ့တဲ့ ကိစ္စလေး
အပေါ်မှာ ဒီလူ လက်တုန့်ပြန်လိုက်တာကြီးက အရမ်း
တွေ မပြင်းထန်လွန်းဘူးလား။ ဒီလောက်အထိ သူ့ကို
အရှက်ခွဲရမှ ဖြစ်မှာတဲ့လား။Seungri တွေးရင်းနဲ့ပင် စိတ်တွေနောက်ကျိလာရပြီ။
Dong YongBae ကတဆင့် သူနဲ့ တွေ့တဲ့ဇာတ်လမ်း
ဆင်.. သူ့တိုက်ခန်းထဲအထိ ရအောင် ၀င်လာအိပ်ကာ
ခုလို ဂျပန်မှာ တဝိုင်းတည်း ထိုင်ဖြစ်အောင် သေချာ
လုပ်ယူခဲ့တာ ဖြစ်ရမယ်။ဒါပေမယ့် ဒီလောက် သေသေသပ်သပ် တိုက်ဆိုင်ကြ
ဖို့ ဆိုတာက ဖြစ်ရောဖြစ်နိုင်ပါ့မလား။၅ နှစ်ကျော်ကြာခဲ့ပြီးကာမှ.. ဒီလူ ဘာအကြံအစည်နဲ့
သူ့အနားကို ရောက်လာပြန်ရတာလဲ။ သွေးရိုးသားရိုး
တော့ လုံးဝမဟုတ်တာ သေချာတယ်။အတွေးတွေနဲ့ တယောက်တည်း ယောက်ယက်ခတ်
နေစဉ်.. နောက်ကျောဘက်ဆီက ခြေသံကြားလိုက်
ရသည်။" တယောက်တည်း ဒီလို ထွက်ပြေးလာလို့ ဘယ်ဖြစ်
မှာလဲ.. Seungri.."အနည်းငယ် နူးညံ့နွေးထွေးသော အသံကြောင့် လှည့်
ကြည့်ရင်း Seungri မှာ ရင်တဒိတ်ဒိတ် ခုန်နေရလေ
သည်။ Kwon Jiyong က ထုံးစံအတိုင်း ပြုံးတုံ့တုံ့နဲ့
နောက်ပြန်လှည့်လာသော သူ့ကို ရပ်ကြည့်နေရင်း.." အမြဲတမ်း ထွက်ပြေးနေတာချည်းပဲနော်.."
" ခင်ဗျား အစကတည်းက မှတ်မိနေလို့ ကျွန်တော့်ကို
ချဉ်းကပ်ခဲ့တာမလား.."