အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပြုတ်
နှစ်ပန်းကန်နှင့်အတူ သူ့အား ဓာတ်ပုံတဖျတ်ဖျတ်
ရိုက်နေသော Glory အား Seungri တယောက် ငေး
ကြည့်နေမိသည်။" အမ်း.. တအားမိုက်.."
တပြုံးပြုံး ဖြစ်နေသည်မှာ.. စားစရာနှင့် ကစားစရာ
တွေ့သော ကလေးလေးလိုပင်။ ရိုက်ထားသည့်ပုံတွေ
ကို သဘောတကျ ကြည့်နေရင်း IG update လုပ်ဖို့
သာ အားသန်နေပုံရသည်။" ကဲ.. ခေါက်ဆွဲတွေအေးပြီး ပွကုန်တော့မယ်.."
Seungri သတိပေးလိုက်ရသည်။ တော်ကြာ ပွကုန်
ပြန်ရင်လည်း.. Hyung လက်ရာက အရင်ကနဲ့မတူ
တော့ဘူး.. ဘာညာနှင့် ဒင်းက ပွားဦးမည်။" ဟုတ်ကဲ့ပါ Hyung ရဲ့. သားက ကြွားချင်တာလေ..
CEO ကိုယ်တိုင်က ချက်ကျွေးတဲ့ ခေါက်ဆွဲပြုတ်ကို
ဟဲဟဲ.."ထုံးစံအတိုင်း သွားအဖြီးသားနဲ့ ပြောလာတော့လည်း
သူလည်း ဘာမှထပ်ပြောမနေတော့ပဲ.. ဒင်း Post
တင်ပြီး တူစကိုင်မယ့်အချိန်ကိုသာ ထိုင်စောင့်နေရ
တော့တယ်။Glory တယောက် စိတ်တိုင်းကျ ပုံရွေးကာ Post ပြီး
သွားသည်နှင့်.." စားတော့မယ်ဗျိုး.."
တင်း.. တောင်..။ တံခါးဘဲလ်သံကြောင့် Glory ရော
သူပါ ခေါင်းထောင်သွားတော့တယ်။" အယ်.. ဧည့်သည်လား.."
" မင်းလာမယ်ဆိုလို့ ကိုယ့်မန်နေဂျာကိုတောင် ဒီနေ့
ဘာမှလာမရှုပ်ဖို့ ပြောထားတာ.. စားနှင့်.."တံခါးဖွင့်ရန် စားပွဲမှ ဇဝေဇဝါ ထလာရင်း စဉ်းစားမိ
တယ်။ သူ့အိမ်ကို လာတတ်သည့်သူ များများစားစား
မရှိပေ။ဧကန္တ.. ဟို Kwon Jiyong များလား..
မဟုတ်ပါစေနဲ့လို့ ဆုတောင်းလိုက်မိပေမဲ့ Seungri
ဆုတောင်းဟာမပြည့်ခဲ့ပါ။ monitor တွင် ပေါ်နေတဲ့
မဟော်ဂနီဆံပင်ပိုင်ရှင်သည် ပြုံးစစမျက်နှာပေးဖြင့်
လက်ပြနေလေရဲ့။Seungri ပါးစပ်က ထုတ်မဆဲမိအောင် ထိန်းလိုက်ရ
သည်။ ဖြစ်နိုင်လျှင် ထွက်သွားစမ်းပါလို့ အော်ထုတ်
ပစ်လိုက်ချင်မိသည်။