Dancing with Daisy
Part - 13တလနေဖို့ ထုတ်ပိုးလာတဲ့ အထုတ်အပိုးများကို
ပြန်စီထည့်နေစဉ်မှာလည်း အနှီချီးလိုဘဲနာကြီးက
သူ့အား စိုက်ကြည့်နေတုန်းပဲ။မနေ့ကသာဆိုရင် တအားတွေ စိတ်ရှုပ်ပြီး
အော်ဟစ်ပေါက်ကွဲဖြစ်လောက်ပေမယ့် အခုတော့
သူ့စိတ်ထဲ သိပ်ထွေထွေထူးထူး ထည့်စဉ်းစားမနေ
တော့ပါဘူး။ ဘာလို့လဲဆိုတော့ Kwon Jiyong
ဒီလို စူပုတ်ပွပြီး သေမလိုဖြစ်နေတာကြီးကို မြင်ရ
လေလေ သူ့အတွက် ကျေနပ်ရလေလေပဲ။တညအိပ်မိရုံထက် မပိုခဲ့တဲ့ ဆက်ဆံရေး
အို.. ဒါက ဆက်ဆံရေးကို ဟုတ်မနေတာကြီးပါ
one night stan လောက်ကို feel တက်ပြီး
ဇွတ်အတင်း ယောကျာ်းလာတော်ချင်တဲ့
ရူးကြောင်ကြောင် စိတ်ကို ခဏအသာထားဦး..
အဲ့မျက်နှာထိမျက်နှာထားနဲ့ တဖက်လူ ဘာပြောပြော
ပြောချင်တာပြော ဂရုမစိုက်ဘူး ငါ ကြိုက်တာ
ငါ လုပ်မှာပဲဆိုတဲ့ အချိုးကြီးကို ဘယ်လိုမှ ခံစားလို့
မရ။ပြီးတော့ အဲ့မဟော်ဂနီရောင် ဆံပင်တွေကိုရော၊
လူကို ရိတာလိုလို ရွဲ့တာလိုလို လုပ်လုပ်နေတဲ့
နှုတ်ခမ်းတဖက်တွန့် ပြုံးစစ အပြုအမူတွေကိုရော၊
နောက်ဆုံး ပိုးတာ ပန်းတာကအစ စာတတန်
ပန်းတတန်တွေ လုပ်ပြီး စောက်ပိုဖြစ်နေတာကြီးကိုရော
အမြင်ကတ်တယ်။ဒီလူက ခေါင်းအစ ခြေအဆုံး တနေရာမှ သူနဲ့ အံဝင်
ခွင်ကျ ဖြစ်မနေဘူးလေ။ Glory ကြောင့် စိတ်လျော့
သွားပြီး နောက်ဆုတ်သွားရင် ကောင်းမယ်။ဟုတ်တယ်.. သဝန်တိုတတ်တဲ့လူကို လိန်တွန့်နေအောင်
သဝန်တိုခိုင်းပြီး ဦးနှောက်သွေးကြောတွေပါ ပြတ်ထွက်
သွားအောင် သွေးတိုးဒေါသထွက်ခိုင်းရမယ်။ ဒါမှ
မြန်မြန်စိတ်ကုန်ပြီး လစ်ပြေးသွားမှာ။Seungri တစ်ယောက် ကိုယ့်အတွေးနဲ့ကို အောင်နိုင်
သူကြီးသဖွယ် ပြုံးလိုက်မိသည်။" အဲ့ကောင်ဆီ သွားတွေ့ရမှာ အဲ့လောက်ပျော်နေတာ
လား Richard.."Jiyong အသံက တင်းတင်းမာမာ ထွက်ပေါ်လာသော
ကြောင့် Seungri လန့်သွားကာ အပြုံးတွေတောင်
တွန့်ခနဲ ရပ်တန့်သွားရလေသည်။