5.Z

48 7 2
                                    

ဂျပန်သွားမယ့်အစီအစဉ်ကို ဘယ်လိုသိနေတာလဲ..

Seungri မှာ မအားလပ်တဲ့ကြားကပင် စဉ်းစားလိုက်
မိသေးသည်။ ဂျပန်သွားဖို့က လျှို့ဝှက်ထားတဲ့အရေး
တကြီးကိစ္စမဟုတ်ပေမယ့် ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံ
ဖို့အထိပါသိနေလျှင်တော့ သူ့အဖွဲ့ထဲမှာ အတွင်းစည်း
ပေါက်လေပြီ။

အရင်တခေါက်ကလည်း သူ့ရုံးခန်းထဲအထိ အသံဖမ်း
စက် လာတပ်ထားဖူးတယ်။ ဘယ်လိုစဉ်းစား စဉ်းစား
ဒီကိစ္စက ပေါ့ပျက်ပျက် မဟုတ်နိုင်လောက်ဘူး။

" မစ္စတာ Richard.. အကုန်အဆင်သင့်ဖြစ်ပါပြီ.."

အတွင်းရေးမှူးအသံကြောင့် Seungri ခေါင်းကို မော့
ကြည့်လိုက်သည်။ အချိန်တိကျပြီး အလုပ်ကြိုးစားမှု
အပြည့်ရှိတဲ့ သူ့ရဲ့အတွင်းရေးမှူးကရော သူ့အပေါ်မှာ
သစ္စာဖောက်နိုင်လောက်သလား။

" Jiwon.. မင်း ဒီမှာအလုပ်လုပ်တာ ဘယ်လောက်
ကြာပြီလဲ.."

" ကျွန်တော် ၃ နှစ်ရှိပါပြီ.."

Seungri ရဲ့ဘ၀မှာ ပဉ္စလက်ပြလိုက်သလိုမျိုး
အပြောင်းလဲကြီး ပြောင်းလဲခဲ့ရတဲ့ နှစ်အပိုင်းအခြား
အတွင်း အတူတူလက်တွဲခဲ့သည့်လူဖြစ်သည်။

ဒီလိုလူက ဒီလိုမျိုးတော့ မလုပ်လောက်ပါဘူးဟုသာ
Seungri ‌ဖြေတွေး တွေးလိုက်ပြီး..

" အင်း.. နောက်လထဲအထိ အရေးမကြီးတဲ့ကိစ္စ‌တွေ
ကို Glory နဲ့ သူတို့အဖွဲ့ဆီ လွှဲပေးသင့်တာလွှဲပေးထား
ပြီး အားလပ်ရက်နည်းနည်းယူလိုက်.. မင်းရော ငါပါ
အနားယူဖို့ လိုအပ်နေပြီထင်တယ်.."

တချိန်လုံး အလုပ်ပုံထဲ ခေါင်းစိုက်နေတဲ့ အလုပ်သရဲ
က အနားယူမယ်ပြောလိုက်တော့.. သူ့အတွင်းရေးမှူး
ခမျာလည်း တော်တော်လေး အံ့ဩသွားပုံ ရပါတယ်။
ရုတ်တရက် ချက်ချင်း မတုန့်ပြန်နိုင်ရှာတော့ဘူး။

" ငါ အချိန်ယူပြီး စဉ်းစားရမယ့်ကိစ္စလေးတွေရှိနေလို့
အဲ့လိုပဲ လုပ်ထားလိုက်ပါ.."

" ဟုတ်ကဲ့ပါ.. မစ္စတာ Richard.."

တကယ်လို့.. Jiwon ကသာ သူ့အတွင်းရေးတွေကို
တခြားတယောက်ဆီ ရောင်းစားနေတယ်ဆိုရင်..ဒီလို
စိုးရိမ်ရတဲ့လူလက်ထဲ ဘာအရေးတကြီးကိစ္စမှ ရှိမနေ
တာ ပိုကောင်းမယ်မဟုတ်လား။

Dancing with DaisyWhere stories live. Discover now