တံခါးဖွင့်ဖွင့်ချင်း.. Seungri မြင်လိုက်ရသည်က..
ဟိုတယ်ဝန်ထမ်းဝတ်စုံနှင့် ကောင်လေးတယောက်။
ထိုကောင်လေး၏လက်ထဲက ဒေစီပန်းတပွင့်ပင်။" မစ္စတာ Richard ခင်ဗျ.."
" ဟုတ်ကဲ့.."
ဖြူစွတ်လှပနေသော ဒေစီပန်းအား Seungri ကြည့်
ရင်း ဖြေလိုက်သည့်အခါ ထိုဝန်ထမ်းကောင်လေးက
ဒေစီပန်းနဲ့တကွ ကဒ်လေးတခုအား သူ့ဆီ ကမ်းပေး
လာလေသည်။" မစ္စတာ Richard ရဲ့ ခင်ပွန်းက ပို့ခိုင်းလိုက်တာပါ.."
" ဘာ.."
Seungri ရဲ့ လေသံမာမာကြောင့် ကောင်လေးခမျာ
လန့်ဖြန့်သွားရှာသည်။ သူ့မှာ ဒီချမ်းသာတဲ့ဧည့်သည့်
ဆီကို ဒေစီပန်းပို့ပေးရင် လခ တလစာ ပိုပေးမယ်ဟု
ကမ်းလှမ်းထားလို့ တပျော်တပါး လာပို့ပေးခြင်းသာ။အနှီဧည့်သည်ကတော့ ပျော်နေသည့်ပုံမပေါ်။
" ပို့ခိုင်းတဲ့သူ ဘယ်မှာလဲ.."
" အဲ့.. ကျွန်တော့်ကို လူကိုယ်တိုင် လာခိုင်းတာတော့
မဟုတ်ဘူးခင်ဗျ.. ကျွန်တော်တို့ ဟိုတယ်မန်နေဂျာဆီ
ဖုန်းဆက်ပြီး ပို့ခိုင်းတာခင်ဗျ.."တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ဝယ်..
Seungri ရဲ့တောက်ခတ်သံက ပဲ့ထင်ထပ်သွားသည်
မို့..၀န်ထမ်းကောင်လေးတောင် မျက်နှာငယ်လေးနှင့်
ဖြစ်သွားရလေတော့သည်။ဒေစီပန်းလေးကိုင်ထားကာ ထွက်ပဲသွားရတော့မလို၊
ဆက်ပဲရပ်နေရမလို။ ယောကျာ်းလေးတယောက်ဆီ
ကို ခင်ပွန်းက ပန်းပေးခိုင်းလိုက်သည်ဆိုကလည်းက
တခုခုတော့ တခုခုပဲလို့ ထင်သား။ဒါပေမဲ့ ငါလေးနဲ့ ဆိုင်မနေဘူးလေ..
ဝန်ထမ်းကောင်လေးမှာ တိုးတိုးတိတ်တိတ် ကျိတ်ပြီး
ငြူစုလိုက်မိသည်။Seungri မှာ တလစာကလည်း ကြိုပေးချေပြီးသား၊
ခုချိန် တခြားနေရာပြောင်းလည်း ထို Kwon Jiyong
က ဒီလိုပဲ လိုက်မနှောင့်ယှက်နိုင်ဘူးလို့ မပြောနိုင်ဘူး
မို့..ဘယ်ကိုသွားသွား ဒီလိုကြီးလိုက်ရှုပ်နေလျှင် သူပဲ
အလုပ်ရှုပ်ရုံသက်သက် ဖြစ်ရလိမ့်မယ်ဆိုတဲ့ အတွေး
နဲ့ ထိုချီးထုပ်ရဲ့ပန်းကိုလက်ခံဖို့ ဆုံးဖြတ်လိုက်သည်။