Dancing with Daisy
Part 8" ထားလိုက်ပါဆိုနေကွာ.. ဘာမှကြီးကြီးမားမား ဖြစ်
သွားတာမှမဟုတ်တာ.. ကိုယ် ရှင်းလိုက်ပါ့မယ်.."Seungri က တားသော်လည်း Glory က မီးဖိုခန်းကို
သန့်ရှင်းရေးဆက်လုပ်ပေးနေလေသည်။ အပူလောင်
ဒဏ်ကြောင့် နီရဲနေသော Seungri ရဲ့ လက်ကိုလည်း
စိတ်မချသလို လှမ်းလှမ်းကြည့်နေရင်း.." ဆေးရုံမသွားလို့က တကယ်ဖြစ်ရဲ့လား Hyung ရာ
တော်ကြာ အရည်ကြည်ဖုတွေ ပေါက်ကုန်မှဖြင့်.."" ဖြစ်ပါတယ်.. လက်ပေါ် ကို လောင်းချမိသွားရုံပါပဲ
ဆေးလည်းလိမ်းထားတာပဲ.. သက်သာသွားမှာပါ.."Glory က စိတ်မကောင်းဖြစ်ဟန်နှင့် ခေါင်းငြိမ့်ပြကာ
စားပြီးသား ခေါက်ဆွဲပြုတ်ပန်းကန်တွေကို ဆေးဖို့
ဘေစင်ဆီ ယူသွားသည့်အချိန်မှာတော့ Seungri မှာ
ဧည့်ခန်းဆိုဖာပေါ်တွင် အကျအနထိုင်ရင်း TV ကြည့်
နေသော Jiyong ကို မျက်စောင်းထိုးလိုက်မိသည်။သူ တမင်လာနှောင့်လို့ ဒီလိုတွေဖြစ်ရတာကို သိရဲ့နဲ့
ဘာမှမဆိုင်သလို အေးအေးဆေးဆေးပဲ TV တောင်
ထိုင်ကြည့်နေလိုက်သေးတယ်။ကူညီဖို့နေနေသာသာ တချက်တောင် စောင်းမကြည့်
ဘူး.. တကယ့် ရေပေါ်ဆီလူပဲ.." မစ္စတာ Kwon.. မပြန်သေးဘူးလား.."
ဆက်ပြီး လောကွတ်မချော်နိုင်တော့သဖြင့် Seungri
တမင်နှင်ထုတ်ရတော့သည်။" မပြန်သေးပါဘူး.. မင်းကို ညနေစာပြင်ဆင်ပေးခဲ့ဦး
မယ်.. တော်ကြာ မင်းစားရသောက်ရ အခက်အခဲဖြစ်
နေမှာစိုးလို့.."" အဲ့အတွက်တော့ စိတ်မပူပါနဲ့.. ကျွန်တော် Glory နဲ့
တခုခုထွက်စားလိုက်မှာမို့ မစ္စတာ Kwon ပြန်လို့ရပါ
ပြီ.."Jiyong က TV ကြည့်နေရာကနေ.. Seungri ဆီကို
လည်ပြန်လှည့်ကြည့်လာသည်။ အေးစက်မှိုင်းညှို့နေ
သော Seungri ရဲ့အငွေ့အသက်များကို ခံစားသိရှိရ
ပြီးတဲ့နောက်.. တခဏတာ တိတ်ဆိတ်ငြိမ်သက်သွား
ကာ.." ဒါဆို ငါလည်း မင်းတို့နဲ့အတူ လိုက်စားမယ်လေ.."
" စိတ်မရှိပါနဲ့ မစ္စတာ Kwon.. ကျွန်တော်တို့ကြားမှာ
တိုင်ပင်စရာတွေလည်းရှိလို့..ဒီနေ့တော့ ဒီလောက်နဲ့ပဲ
ပြန်လိုက်ပါတော့.."