Seungri စိတ်လှုပ်ရှားနေရသည်။ လက်ထဲက ရှန်ပိန်
ခွက်ကို ဟိုဟိုဒီဒီ လှည့်ရင်း ဘယ်သူ ဖုန်းကိုင်ထားပြီး
သူ့ဆီ message ပို့လာမလဲဆိုတာ မျက်စိလျှင်လျှင်
နဲ့ လိုက်ရှာနေမိသည်။ဒီကြားထဲလာနှုတ်ဆက်ကြတဲ့ စီးပွားရေးနယ်ပယ်ထဲ
က မိတ်ဆွေများနဲ့ ရွှေလမ်းငွေလမ်းဖောက် သမက်
တော်ချင်လို့ စကားကြောင်းနေတဲ့ ယောက္ခမလောင်း
များကိုလည်း အဆင်ပြေအောင် ပြောဆိုရသေးသည်သူဌေးတကာ့သူဌေးများပေမို့ အလိုလိုနေရင်း ခံ့ညား
ထည်ဝါသော ဂုဏ်အရောင်အ၀ါ အရှိန်များရယ်၊ ရွှေ
ရည်စိမ်အပြုံးတုတွေရယ်၊ သွယ်ဝိုက်ထိုးနှက်ကြတဲ့
ငွေစကားများရယ်၊ အားလုံးဟာ စိတ်ရှုပ်စရာချည်း။Glory ခမျာလည်း သတို့သမီးလောင်းဟု ထင်ရသော
မိန်းမလှလေးတယောက်အနားမှာ အသက်မ၀င်နေတဲ့
အပြုံးတွေနဲ့။ Glory အဖေလည်း ရှိနေသေးတယ်။ဒီအချိန်မှာ သူ သွားဆွဲခေါ်ထုတ်ပေးဖို့ရာ မသင့်တော်
ဘူးလေ။ ကူညီသင့်တဲ့အချိန်လည်း ဟုတ်မနေဘူးပဲ။Seungri တယောက် ခန်းမထဲကို ဝေ့ဝိုက်ကြည့်ရင်း..
( ဘယ်မှာလဲ.. တွေ့ရအောင် )
သူ ထိုဖုန်းနံပါတ်ဆီ စာပို့လိုက်တယ်။ seen မပြ။
ဒါဆို ဒီခန်းမထဲမှာ ဖုန်းထုတ်ကိုင်လိုက်ရင် သူ မြင်မှာ
စိုးလို့ ဖုန်းမထုတ်သေးတာပေါ့။ထိုဖုန်းနံပါတ်ပိုင်ရှင်ဟာ ဒီခန်းမထဲရှိနေတာ သေချာ
သလောက်ပဲ.." မစ္စတာ Richard.."
သူ့ဆီကို လျှောက်လာရင်း အပြုံးများနှင့် နှုတ်ဆက်
နေတဲ့သူကို ပြန်လည်ပြုံးပြလိုက်ရတယ်။ ထိုသူမှာ
သူ့ကုမ္ပဏီရဲ့အကျိုးတော်ဆောင်ရှေ့နေများအဖွဲ့ချုပ်
Dong YongBae ပင်။ဒီလူ ဘာလို့ ဒီပွဲကိုရောက်နေတာလဲ..
" ရှေ့နေကြီး.. ဒီနေရာမှာ တွေ့ရလို့ ၀မ်းသာပါတယ်.."
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လို့အပြီးမှာ..
Dong YongBae ဘေးနားမှာ ရပ်နေတဲ့တစ်ယောက်
ကို Seungri သတိထားမိသွားသည်။ထိုသူစိမ်းမှာ အနက်ရောင်အနောက်တိုင်းဝတ်စုံပြည့်
ဝတ်ဆင်ထားပြီး မဟော်ဂနီရောင် ဆံနွယ်များကို
အနောက်သို့ သပ်သပ်ရပ်ရပ် လှန်တင်ထားသည်။