4.Z

49 9 1
                                    

ဝုန်းဒိုင်းဝုန်းဒိုင်းဖြင့် တံခါးဖွင့်လျက်သားဖြစ်နေသော
သူ့အိပ်ခန်းမကြီးထဲကအိမ်သာထဲကို ပြေးဝင်သွားတဲ့
အနှီ Kwon Jiyong ၏ ကျောပြင်ကိုလှမ်းကြည့်ကာ
Seungri တယောက် စိတ်ရှုပ်ရှုပ်ဖြင့် ဆံပင်တွေကို
ထိုးဖွလိုက်ရတော့သည်။ တယောက်တည်း အနားယူ
ပါမယ်ဆိုကာမှ ဟောဒီအရှုပ်ထုပ်က သူ့အိမ်ထဲအထိ
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာတာလေ။

ရေနွေးနွေး‌လေးနှင့် ဇိမ်ယူ ရေချိုးဖို့လည်း စိတ်မပါ
တော့ပေ။ အိမ်ထဲမှာ သူစိမ်းယောကျာ်းတယောက်
ရှိနေခြင်းကြောင့် စိတ်မသက်မသာ ဖြစ်နေရသည်။
အိမ်သာထဲပြေးဝင်သွားတဲ့ Kwon Jiyong ကလည်း
တော်တော်နဲ့ ထွက်မလာသေးဘူး။

ဒီလောက်ကြာနေပုံထောက်ရင်တော့.. အီး ပါနေတာ
ဖြစ်မယ်.. ကျွတ်စ်.. ဟိုတယ် လိုက်ပို့ပေးလိုက်ရရင်
အကောင်းသား..

တယောက်တည်း ပွစိပွစိ ရေ‌ရွတ်လိုက်ရင်း ဧည့်ခန်း
ထဲက ဆိုဖာပေါ်မှာပဲ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး
ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ။

တခြား‌ယေားကျာ်လေးတယောက်သာဆို သူ့စိတ်ထဲ..
ဒီလောက် ကသိကအောက်ဖြစ်နေမှာ မဟုတ်ဘူးရယ်
ဒါ Kwon Jiyong လေ။ အရင်ကကိစ္စတွေကြောင့်မို့
မျက်နှာရော တကိုယ်လုံး ယွစိယွစိဖြစ်လာကာ သူ့မှာ
ဘယ်လိုမှ မနေတတ်မထိုင်တတ် ဖြစ်နေရပြီ။

ရုတ်တရက် အ‌တွေးပေါက်ပြီး ရေခဲသေတ္တာထဲမှာ ရှိ
တဲ့ ဘီယာဗူး‌တွေနဲ့ အရက်ပုလင်းတွေကို မီးဖိုချောင်
ဗီရိုတွေထဲ ထည့်ဖွက်လိုက်မိတော့တယ်။

ဒီလူက တအားသောက်နိုင်တာ..

ဒင်းကစကားရောဖောရောနဲ့ အရက်သောက်ရအောင်
ဆိုရင် သူပါလိုက်သောက်နေရဦးမှာ.. နှစ်ယောက်လုံး
အတူတူသောက်ရင် မူးလာကြမှာ..

အဲ့အခါကျ.. အဲ့အခါကျ..

ဦးနှောက်ထဲမှာပေါ်လာသည့် ပုံရိပ်များကို Seungri
အတင်းခါထုတ်မေ့ပစ်ချင်သလို ခေါင်းကိုခါယမ်းပစ်
လိုက်လေသည်။

မဖြစ်ဘူး.. မဖြစ်ဘူး.. ဒါမျိုး နောက်တခါ မဖြစ်ရဘူး
အထူးသဖြင့် ဒီလူ Kwon Jiyong နဲ့..

Dancing with DaisyWhere stories live. Discover now