Chapter-1

381 15 0
                                    

Zawgyi

"ငါတို့ လမ်းခွဲကြရအောင်၊ဉာဏ်"

"သည်းငယ်"

မြတ်နိုးရသော နာမ်စားလေးအား တုန်ရီစွာ ခေါ်ဆိုရင်း သူ့အရှေ့မှ တေးကို ဝမ်းနည်းရိပ်သန်းနေသော မျက်ဝန်းများဖြင့် မော့ကြည့်မိသည်။တေး၏ မျက်နှာက ပြတ်သားလွန်းနေပြီး ဝမ်းနည်းရိပ် တစ်စုံတရာလေးတောင် မရှိ။သူ အံတင်းတင်းကြိတ်လိုက်မိသည်။

"အကောင်းအတိုင်းရှိနေတဲ့ ဆက်ဆံရေးကို ဘာလို့ လမ်းခွဲချင်နေရတာလဲ"

"ငါမင်းနဲ့အတူ ဆက်ရှိမနေချင်တော့ဘူး။ဘယ်လောက်ပဲ အဆင်ပြေနေပါစေ၊တစ်ယောက်ယောက်ဘက်က စိတ်မပါတော့ရင် အဲ့ဒီဆက်ဆံရေးက အလကားပဲလေ"

"ဒါက အဓိက အကြောင်းအရင်းမဟုတ်လောက်ပါဘူး"

ခပ်ဟဟရယ်ရင်း ပြောမိတော့ တေးထက်က မလုံမလဲဖြစ်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲသွားသည်။လမ်းခွဲချင်ရသည့် အကြောင်းအရင်းက တိမ်စိုင်ယံ့ကြောင့်ဆိုတာ မသိရလောက်အောင်အထိတော့ သူမတုံးဘူးလေ။

"ကိုယ်ထင်တာ မှန်တယ်မလား"

ရုတ်တရက်ဆိုသလိုပင် သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်သွားသည်။တေးထက်က အပြစ်ရှိသလို ခေါင်းငုံ့သွားပြီး သူရိန်ကတော့ ဟက်ခနဲ ရယ်ချလိုက်မိသည်။ကျဆင်းလာသော မျက်ရည်စများက အထိန်းအကွပ်မဲ့စွာ။တေးထက်နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားမိတော့ လန့်သလို ဖြစ်သွားကာ အနောက်ဘက်သို့ ပို၍ပင် တိုးကပ်သွားသည်။

နာနာကျင်ကျင်ပြုံးလိုက်ကာ ခါးမှ အားပါပါဆွဲ၍ ခန္ဓာကိုယ်ချင်း နီးကပ်စေလိုက်တော့ တေးတစ်ယောက် သူ့ကို အလန့်တကြားမော့ကြည့်လာသည်။သူရိန် သူ့ဆံစတို့ကို သပ်တင်ပေးလိုက်၍ နှဖူးကို ခပ်ဖွဖွနမ်းရှိုက်လိုက်သည်။

"သူ့ကို အဲ့ဒီလောက်တောင် ချစ်တာလား"

ဘာမှပြန်မဖြေဘဲ ခေါင်းညိမ့်ပြလာသောသူ့ကို ငေးကြည့်နေရုံမှလွဲ၍ တခြားမတတ်နိုင်တော့။မျက်နှာကို မော့စေကာ နီဆွေးဆွေးနှုတ်ခမ်းပါးဆီသို့ တိုးကပ်သွားလိုက်တော့ ချက်ချင်းဆိုသလိုပင် လက်နှင့်အုပ်ကာ ခေါင်းခါပြလာသည်။

Head Over HeelsWhere stories live. Discover now