Chapter-2

173 15 0
                                    

Zawgyi

စာကြည့်တိုက်ရှိ စာအုပ်စင်တန်းများကြားထဲတွင် ကျောင်းအတွက်လိုအပ်သည့် စာအုပ်များကိုရှာရင်း သူရိန်တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။လက်တစ်ဖက်တွင် စာအုပ်နာမည်များမှတ်ထားသည့် စာရွက်တစ်ရွက်ရှိပြီး နောက်တစ်ဖက်တွင်တော့ လိုချင်သည့်အထဲမှ ရှာတွေ့သည့်စာအုပ်များကို ကိုင်ထားသည်။

နေ့လယ်စာစားချိန်ဖြစ်သောကြောင့် ကျောင်းသားအားလုံးနီးပါးက ကန်တင်းတွင်ဖြစ်သည်။သူကိုယ်တိုင်ကလည်း စာဖတ်ပြီဆိုလျှင် အာရုံစိုက်၍ဖတ်တတ်တာကြောင့် တခြားသူများအနှောင့်အယှက်လာပေးတာကို လုံးဝသဘောမကျတတ်။အဲ့ဒါကြောင့် ဒီအချိန်ကိုစောင့်၍ တမင်လာခြင်းဖြစ်သည်။

လိုချင်သည့်စာအုပ်များကို ရတော့မှ စားပွဲအလွတ်နားကို လျှောက်လာလိုက်သည်။လွယ်အိတ်ကို ဘေးနားကခုံတွင်ထားလိုက်ပြီးနောက် စာအုပ်များကိုတော့ စားပွဲပေါ်တွင်တင်လိုက်သည်။ထို့နောက် ခုံတစ်ခုံကိုဆွဲထုတ်၍ ဝင်ထိုင်လိုက်ကာ စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်သည်။

စာကြည့်တိုက်က အတော်လေးကျယ်ပြီး ထိုင်စရာနေရာလည်း တော်တော်များသည်။နေ့လယ်ပိုင်းဖြစ်သောကြောင့် နေရောင်စူးစူးက မှန်ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ ဝင်ရောက်နေသည်။။အပြင်ဘက်ပတ်ဝန်းကျင်ကလည်း သာယာနေတာမို့လို့ နှစ်ခြိုက်စွာပြုံးလိုက်ပြီး စာကြည့်သည့်ဘက်ကို အာရုံစိုက်လိုက်သည်။

ခြေသံဖွဖွနှင့်အတူ ကပ်ပါလာသော ရနေကျရေမွှေးနံ့ခပ်သင်းက နှာခေါင်းဝကိုကျီဆယ်လာတော့ ဘောပင်ကိုင်ထားသည့် လက်တစ်ဖက်က တုံ့ခနဲဖြစ်သွားကာ ခေါင်းမော့ကြည့်လိုက်သည်။Elle က ပြုံးပြရင်း သူ့ဘေးမှာဝင်ထိုင်လာသောကြောင့် မျက်မှောင်ကြုံ့လိုက်သည်။ဒီကောင်လေး တစ်ခါတလေ သူ့ကို အနှောင့်အယှက်မပေးဘဲ နေလို့မရဘူးလား။

"ဒီကိုရောက်နေမယ်လို့ထင်သားပဲ

"အင်း၊မင်းဘာလာလုပ်ပြန်ပြီလဲ"

"မင်းနေ့လယ်စာကောင်းကောင်းမစားလို့ မုန့်လာကျွေးတာ"

ပြောနေရင်းနှင့်ပင် လွယ်အိတ်ထဲမှ ပေါင်မုန့်တစ်ထုပ်ကိုထုတ်ကာ စားပွဲပေါ်သို့ တင်ပေးလာသောကြောင့် သက်ပြင်းချလိုက်သည်။စာကြည့်တိုက်ထဲမှာ မုန့်မစားရဘူးလို့ ခဏခဏပြောလည်း ထိုကောင်လေးက သူ့စကားကိုဆို လုံးဝနားမထောင်ဘဲ လုပ်ချင်တာကိုသာလုပ်တတ်သည်။

Head Over HeelsWhere stories live. Discover now