Chapter-13

61 6 2
                                    

Zawgyi

သူ့အလိုကျအတိုင်းသောက်ခိုင်းလိုက်ပြီးမှ ဘာလို့အလိုလိုက်မိရတာလဲလို့ပြန်တွေးရင်း ကိုယ့်ဆံပင်ကိုယ်ဆွဲဖွလိုက်မိသည်။ဒီကောင်လေးခုနကထက်တောင် ပိုမူးနေပုံရသည်လေ။သူငယ်ချင်းတွေနဲ့အတူလာတာလို့ပြောတာကို ဖျတ်ခနဲအတွေးထဲဝင်လာတာကြောင့် ဘယ်နားမှာများဖြစ်မလဲဟုလိုက်ရှာနေစဉ် Lyen နှင့်ရွယ်တူကောင်လေးတစ်ယောက်က သူ့နားသို့လျှောက်လာသည်။

"အစ်ကိုက Lyen နဲ့ရင်းနှီးတယ်မလား"

"အင်း၊အဲ့ဒီလိုတော့ပြောလို့ရပါတယ်"

"ဒါဆိုရင်လေ Lyen ကိုသူ့ရဲ့အိမ်ပြန်ပို့ပေးလို့ရမလား"

ထိုကောင်လေး၏စကားကို Andreas ဘာပြောရမှန်းမသိဖြစ်နေမိသည်။Lyen ကအတော်လေးမူးနေပြီမို့လို့ သူ့သူငယ်ချင်းတွေဆီပြန်ပို့ပေးဖို့ သူခုနလေးကတင်စဉ်းစားနေတာမဟုတ်လား။အခုဒီကောင်လေးက အကူအညီတောင်းလာပြန်တော့ သူငြင်းရခက်နေသည်။

"မင်းတို့ပဲလိုက်ပို့ပေးလိုက်ရင်ရော။မဟုတ်ရင်တောင် သူဘယ်မှာနေလဲဆိုတာကိုယ်မသိဘူးလေ"

"သူနေတဲ့နေရာက ဒီကနေဆိုသိပ်တောင်မသွားရပါဘူး။ကျွန်တော်လိုက်ပို့ပေးမလို့လုပ်ပေမယ့် အိမ်ပြန်နောက်ကျရင်အပြောခံရတော့မှာမို့လို့"

ယုတ္တိရှိတဲ့အကြောင်းပြချက်မဟုတ်ပေမယ့်လည်း Lyen နှင့် Andreas အိမ်အတူပြန်ရဖို့ကို သူတို့အားလုံးအလိုရှိနေတာမဟုတ်လား။အစကတော့ ဘယ်လိုပဲဖြစ်ဖြစ်ငြင်းမလို့လုပ်ပေမယ့် အရှေ့မှကောင်လေးက တကယ်အဆင်မပြေပုံရတာမို့လို့ Andreas လည်းခေါင်းညိမ့်ကာလက်ခံလိုက်တော့သည်။Lyen နေသည့်နေရာကိုသိတော့ သူ့ကွန်ဒိုနှင့်လည်းနီးနေတာမို့လို့တော်သေးသည်ဟုပြောရမည်။

"ဘယ်လိုလဲ။အဆင်ပြေခဲ့လား"

"အင်း၊အဆင်ပြေခဲ့တယ်။ဒါနဲ့ Elliot နောက်နေ့ကျငါတို့ကိုဆဲရင်ဘယ်လိုလုပ်မလဲ"

"မဆဲလောက်ပါဘူး။ငါတို့က သူနဲ့သူ့လူကြီးနီးစပ်အောင် နည်းနည်းလောက်ကူညီပေးရုံပဲကို"

"အင်း၊အဲ့ဒါလည်းဟုတ်တာပဲ"

Lyen ၏သူငယ်ချင်းတွေကတော့ သူတို့နှစ်ယောက်အဆင်ပြေဖို့အတွက် ဘယ်လိုကူညီရမလဲဆိုတာကိုပင် စဉ်းစားနေကြသည်။နောက်တစ်ယောက်ကိုပြောင်းကြိုက်ဖို့ ခဏခဏပြောပေမယ့် အမြဲတမ်း Andreas တစ်ယောက်တည်းကိုသာသဘောကျနေသည့်သူ့ကိုကြည့်ပြီး နည်းနည်းတော့အမြင်ကပ်ပေမယ့်လည်း Lyen ကသူတို့သူငယ်ချင်းပဲမဟုတ်လား။

Head Over HeelsWhere stories live. Discover now