Zawgyi
"ငါအပြင်ခဏသွားလိုက်ဦးမယ်"
စာကြည့်စားပွဲရှေ့တွင်ထိုင်ကာ အလုပ်ရှုပ်နေတုန်း Naviel က သူ့နားကိုလျှောက်လာ၍ပြောသောကြောင့် Louis တစ်ယောက် မျက်မှန်ကိုပင့်တင်ကာ မော့ကြည့်လိုက်သည်။ရှုပ်ပွနေသည့်ဆံပင်နှင့် လွယ်အိတ်ကိုပုခုံးတစ်ဖက်တွင်လွယ်ထားပုံက အပြင်သွားမည်ဆိုတာ လုံးဝကိုယုံချင်စရာတောင်မရှိ။သို့ပေမယ့်လည်း အဲ့ဒီကောင်က သူ့ပုံစံနှင့်ပတ်သက်လျှင် သိပ်ပြီးဂရုစိုက်တတ်သည့်သူမဟုတ်တာကြောင့် ဘာမှအာရုံစိုက်ပြီး ပြောမနေတော့။
"အင်း၊ဘယ်သွားမလို့လဲ"
"အရင်ကသွားနေကျ စာအုပ်ဆိုင်ကိုပဲလေ။ငါလိုချင်တာတွေ ရောက်နေတယ်ဆိုလို့"
"ဪ၊ဟုတ်ပြီ"
"မင်းရောလိုက်ဦးမလား"
"ဟင့်အင်း၊ကိုယ့်ဘာသာကိုယ်ပဲသွားပါ။ငါဒီနေ့အပြင်ထွက်ချင်စိတ်မရှိဘူး။တကယ်လို့ မင်းခေါ်ချင်ရင် Elle ကိုခေါ်သွားလိုက်လေ"
"ကျစ်၊တော်စမ်းပါ။သူ့လောက်စိတ်ရှုပ်စရာကောင်းတာသူပဲရှိတယ်"
မျက်မှောင်ကြုံ့ကာပြောရင်း အခန်းပြင်သို့ထွက်သွားတာကိုကြည့်၍ သူခပ်တိုးတိုးရယ်လိုက်သည်။Naviel က ဘာလို့အဲ့ဒီလောက်တောင် Elle ကိုအမြင်ကပ်နေတာလဲဆိုတာ သူလုံးဝမစဉ်းစားတတ်။တစ်ခါတလေကျရင် နားငြီးလောက်အောင်အထိ အနှောင့်အယှက်ပေးတတ်တာမှန်ပေမယ့်လည်း ကျန်တဲ့အချိန်တွေဆိုရင်တော့ အဲ့ဒီကောင်လေးက တကယ်ကိုဖော်ရွေတဲ့သူမဟုတ်လား။
စာအုပ်ဆိုင်ထဲဝင်ဝင်လိုက်ချင်းပင် ကောင်တာရှိအစ်မတစ်ယောက်က သူ့ကိုဖော်ရွေစွာစကားပြောလာသည်။ကျောင်းပြောင်းလာကတည်းက အားတဲ့အချိန်တွေဆိုရင် ဒီကိုလာနေကျဖြစ်သည်မို့လို့ ဆိုင်ကဝန်ထမ်းတိုင်းလိုလိုက သူ့ကိုမျက်မှန်းတန်းမိနေပြီဖြစ်သည်။ပြန်၍ပြုံးပြလိုက်ပြီးနောက် သူ(မ)နားသို့လျှောက်သွားလိုက်သည်။
"ကျွန်တော်လိုချင်တဲ့စာအုပ်တွေရောက်နေပြီဆိုလို့"
"အင်း၊တစ်နေ့ကပဲရောက်တာ။ဟိုနားလောက်မှာရှိတယ်။အစ်မလိုက်ပြပေးရဦးမလား"
YOU ARE READING
Head Over Heels
RomanceLet me heal your pain with my love.WHY CAN'T YOU JUST ACCEPT ME? Note-This fiction is just my imagination.Thank you. Start date-1/11/2021 End date-28/2/2022