Zawgyi
"Elle၊ငါမုန့်ဝယ်လာတယ်"
"ဟုတ်လား။ပြီးမှပဲစားတော့မယ်"
စာရေးစားပွဲတွင်ထိုင်ကာစာလုပ်နေသည့် Elle ဆီမှထွက်လာသည့်စကားကြောင့် Louis မျက်ခုံးပင့်လိုက်မိသည်။Elle ကအခုတလောကျောင်းပိတ်ရက်တွေမှာပါ စာသိပ်လုပ်လာသည်။အစမ်းစာမေးပွဲနီးနေတာကြောင့်လို့ထင်လိုက်ပေမယ့် သူကအရင်စာမေးပွဲတွေတုန်းကတောင် သူကသိပ်ပြီးစာလုပ်တတ်တဲ့သူမဟုတ်ဘူးလေ။
"Louis၊မင်းဒီတစ်ခေါက် study cafe သွားရင်ငါလည်းလိုက်ချင်တယ်။အဆင်ပြေလား"
"အင်း၊အဆင်ပြေတာကတော့ပြေပေမယ့် မင်းကဘာလိုက်လုပ်မလို့လဲ"
"ကျစ်၊စာလုပ်မလို့ပေါ့!ပြီးတော့အဲ့ဒီမှာဆိုရင် ပိုပြီးအာရုံစိုက်လို့ရမယ်ထင်လို့"
အတည်ပြောနေသည့်သူ့ကိုကြည့်ပြီးနားမလည်စွာဖြင့် Louis ဆံပင်ကိုဆွဲဖွလိုက်သည်။Elle ကဘာဖြစ်လို့အဲ့ဒီလောက်တောင် စာကြိုးစားနေရတာလဲ။ပြီးတော့စာနည်းနည်းပဲလုပ်ပြီးဖြေရင်တောင် အမြဲတမ်းသူ့အမှတ်တွေက အဆင်ပြေပြေထွက်လာတာပဲကို။အမှတ်များချင်ရအောင်လည်း သူကအဲ့ဒါတွေနဲ့ပတ်သက်ရင်သိပ်ပြီးစိတ်ဝင်စားတတ်တဲ့သူမှမဟုတ်တာ။
"Elle"
"ဘာလဲ"
"အမှတ်မကောင်းရင် မင်းရဲ့အိမ်ကပြောမှာစိုးလို့လား"
"မဟုတ်ပါဘူး။ငါ့အိမ်ကလူတွေက စာမေးပွဲအမှတ်နဲ့ပတ်သက်ပြီးသိပ်မှမပြောတတ်တာ"
"ဒါဆိုဘာလို့အဲ့ဒီလောက်စာလုပ်နေရတာလဲ"
"Naviel ဆိုတဲ့ကောင်ကြောင့်ပေါ့။သူကပြောတယ်။ဒီတစ်ခေါက်အစမ်းစာမေးပွဲမှာ ငါသာသူ့ထက်အမှတ်များရင် ငါ့ကိုအဖြေပေးမယ်တဲ့လေ"
မျက်မှောင်ကြုံ့၍ပြောလာသည့် Elle ၏စကားကြောင့် သူခဏလောက်ကြောင်သွားပြီးမှ သဘောပေါက်သွားသည့်ပုံစံဖြင့် တစ်ဖက်သို့လှည့်ကာရယ်လိုက်သည်။Naviel ခိုင်းတာဟုတ်တော့လည်းဟုတ်တာပဲ။Elle ကစာမေးပွဲဖြေနိုင်း အမြဲတမ်းလိုလိုအမှတ်ကောင်းကောင်းရပေမယ့် Naviel လောက်တော့အမှတ်မများတတ်ပေ။ကြိုက်တယ်၊မကြိုက်ဘူးဆိုသည့်အဖြေအတွက်နှင့် ဒီလောက်တောင်စာလုပ်နေပုံကိုကြည့်ကာ Elle က Naviel ကိုသိပ်သဘောကျတယ်ဆိုတာကို သူခန့်မှန်းလို့ရသည်။
YOU ARE READING
Head Over Heels
RomanceLet me heal your pain with my love.WHY CAN'T YOU JUST ACCEPT ME? Note-This fiction is just my imagination.Thank you. Start date-1/11/2021 End date-28/2/2022