Chapter-26

69 7 0
                                    

Zawgyi

Andreas တစ်ယောက်အလုပ်တွေပြီးသွားတော့ သူ့သူငယ်ချင်းနှင့်အတူ bar ကိုလာဖြစ်သည်။စိတ်သိပ်မကြည်တာထက် Lyen ရောဒီကိုလာလောက်လားဆိုပြီးတွေးမိတာကြောင့်ဖြစ်သည်။တစ်ခါဖုန်းဆက်ပြီးတာနှင့် အဲ့ဒီကောင်လေးက သူ့ဖုန်းနံပါတ်ကိုမှတ်မိသွားပုံပေါ်သည်။နောက်တစ်ခေါက်ထပ်ဆက်ကြည့်တော့ တစ်ဖက်မှတမင်ကိုင်မလာတာကြောင့် သူနဲ့ဘယ်လိုစကားစပြောရမလဲဆိုတာကိုပဲတွေးနေမိသည်။

ကျောင်းကိုလည်းတစ်ခါတလေမှလာတက်ပြီး အားကစားချိန်တွေဆိုရင်တော့ စာကြည့်တိုက်မှာပဲသွား၍စာဖတ်တတ်သည့်ကောင်လေးကြောင့် သူတို့သိပ်မတွေ့ဖြစ်ကြပေ။Elle ငြင်းဆန်တုန်းကတောင်ဘယ်လိုမှမခံစားရပေမယ့် Lyen ကသူ့ကိုသဘောကျနေတယ်ဆိုသည့်စကားကြောင့် အတော်လေးစိတ်လှုပ်ရှားခဲ့ရသည်။ဒီကောင်လေးနှစ်ယောက်ကြားမှာ သူ့ခံစားချက်တွေရှုပ်ထွေးနေရာက အဲ့ဒီစကားကြောင့် သူကိုယ်တိုင်လည်း Lyen ကိုသဘောကျနေတယ်ဆိုတာကိုနားလည်လိုက်ရသည်။

"မင်းရဲ့ကောင်လေးရောဒီနေ့ bar ကိုမလာဘူးလား"

"မလာဘူးထင်တာပဲ"

"မင်းရဲ့အဖြစ်အပျက်ကလည်း ရယ်ရတယ်နော်။သဘောကျနေမှန်းသိသွားတော့မှ အဲ့ဒီကောင်လေးကမင်းကိုစကားတောင်မပြောချင်တော့ဘူး"

"Lyen ကအဲ့ဒီလောက်ပြောရခက်မယ့်ကောင်လေးလို့တကယ်ကိုမထင်တာ။ငါရှင်းပြမယ်လို့ပြောတာတောင် လျစ်လျူရှုပြီးဖုန်းချသွားတယ်"

"အဲ့ဒီတုန်းက ဘယ်လိုအတွေးနဲ့ Elle ကိုနမ်းလိုက်တာလဲ။ငါ့ကိုပြောစမ်းပါဦး"

"ငါ့ခံစားချက်ကိုငါဆန်းစစ်ကြည့်ရုံပဲရှိတာလေ။Lyen မြင်သွားမယ်လို့လည်းထင်မှမထင်ထားတာကို"

Andreas ၏စကားကြောင့် Aron ကခပ်တိုးတိုးရယ်လိုက်ကာ မှာထားသည့် margarita အနည်းငယ်ကိုသောက်လိုက်သည်။ထိုကောင်လေးစိတ်ဆိုးနေတာထက် Andreas ကိုယ့်ခံစားချက်ကိုယ်နားလည်သွားတာက တော်သေးသည်ဟုပြောရမည်။မဟုတ်ရင် သူ့ကိစ္စလည်းမဟုတ်ဘဲနဲ့ ဒီကောင့်ကိုအကြံပေးရတာနှင့်တင် အတော်လေးစိတ်ရှုပ်ရသည်လေ။

Head Over HeelsWhere stories live. Discover now