Zawgyi
ကျောင်းပိတ်ရက်မို့လို့ ပုံမှန်အတိုင်း online class တက်ရသည်။ညတုန်းကရုပ်ရှင်ကြည့်တာအတော်ကြာသွားသည့် Elle တစ်ယောက်ကတော့အခုထိအိပ်ချင်နေသေးသည့်ပုံစံဖြင့်သူ့ဘေးနားမှာ မနက်စာစားနေသည်။ထမင်းစားခန်းထဲမှာ စားဖို့ပြောသော်လည်း ဒီကောင်လေးက သူ့စကားကိုနားမထောင်တာကြောင့် သူရိန်လည်းသူလုပ်ချင်သည့်အတိုင်းသာလုပ်ခိုင်းလိုက်တော့သည်။
"Naviel၊စာမကြည့်ဘဲ ငါ့ဘက်ကိုလည်းအာရုံစိုက်ပါဦး"
"မရဘူးလေ။လိမ္မာရဲ့သားနဲ့ကို ဘာလို့ဂျီကျနေတာလဲ"
"ငါစိတ်မကြည်ဘူး။ပြီးတော့တအားပျင်းနေတယ်"
"ရုပ်ရှင်အကြာကြီးမကြည့်နဲ့လို့ငါပြောသားပဲ"
"ဟမ့်!ရုပ်ရှင်ကကြည့်လို့ကောင်းနေတာကို"
ဘေးနားတွင်ထိုင်နေရင်းမှရင်ခွင်ထဲသို့ တိုးဝှေ့ကာပြောလာသည့် Elle ကိုပေါင်ပေါ်သို့ဆွဲတင်လိုက်တော့မှ လှစ်ခနဲပြုံးကာ သူ့ပုခုံးပေါ်ခေါင်းမှီလာသည်။ဒီကောင်လေးဘာလိုချင်မှန်းအစကတည်းကသိနေတာကြောင့် သူရိန်လည်းသဘောတကျရယ်လိုက်ပြီးနောက် စာဘက်သို့သာပြန်ပြီးအာရုံစိုက်ထားလိုက်သည်။
Lyen ကတော့သူပေါင်ပေါ်မှအငြိမ်မနေဘဲ နားရွက်ဖျားတို့ကိုခပ်ဖွဖွလိုက်နမ်းနေသည်။ခဏအကြာတွင် နှုတ်ခမ်းကိုပါတဖျတ်ဖျတ်နမ်းလာတာကြောင့် မျက်မှောင်ကြုံ့ကြည့်လိုက်တော့ ဟီးခနဲရယ်ပြကာ ဘာမှဆက်မလုပ်တော့ပေ။သူရိန်လည်းလိမ်မာသည့်ကောင်လေး၏ခါးကိုဖက်လိုက်ကာ ပုခုံးကိုဖိကပ်၍နမ်းရှိုက်လိုက်တော့ ကျေနပ်သလိုရယ်သံတိုးတိုးလေးကပေါ်ထွက်လာတော့သည်။
ဒီနေ့ဆရာကစာတွေကိုဖတ်ရင်း ရှင်းပြတာမို့လို့ သိချင်တာတွေလိုက်မှတ်ရုံလောက်ပဲရှိသည်။Lyen ကတော့သူနဲ့လည်းမဆိုင်ဘဲ ရှင်းပြတာတွေကိုလိုက်နားထောင်ပြီး တဖြည်းဖြည်းပျင်းလာပုံရသည်။ညကလည်းရုပ်ရှင်အကြာကြီးကြည့်ထားတာမို့လို့ ခဏအကြာတွင် သူရိန့်၏ပေါင်ပေါ်မှာထိုင်ရင်းအိပ်ပျော်သွားတော့သည်။အဲ့ဒီတော့မှ သူရိန်လည်းသူ့ဆံပင်ကိုခပ်ဖြည်းဖြည်းဆွဲဖွပေးကာ စာဘက်ကိုအာရုံစိုက်လို့ရတော့သည်။
YOU ARE READING
Head Over Heels
RomanceLet me heal your pain with my love.WHY CAN'T YOU JUST ACCEPT ME? Note-This fiction is just my imagination.Thank you. Start date-1/11/2021 End date-28/2/2022