Zawgyi
Naviel ကဒီနေ့သူသွားလေ့ရှိသည့်နေရာတွေကို လိုက်ပြမည်ဟုပြောတာကြောင့် သူတို့နှစ်ယောက်သားစောစောထဖြစ်သည်။မနက်စာကသူစားနေကျနှင့် အနည်းငယ်ကွာခြားနေပေမယ့် အတော်လေးစားကောင်းတာကြောင့် အဆင်ပြေသည်ဟုပြောရမည်။
ဒီကရာသီဥတုက သူတို့ဆီကနှင့်ယှဉ်ကြည့်လျှင်တော့ အနွေးထည်ပင်ဝတ်စရာမလို၊အနည်းငယ်အိုက်စက်စက်ဖြစ်သည်။မနက်စာစားပြီးသည့်နောက် အဝတ်အစားလဲကာ စာအုပ်ဆိုင်ဘက်သို့ထွက်လာလိုက်ကြသည်။စာအုပ်ငှါးဆိုင်မို့လို့ ကျဉ်းကျဉ်းလေးသာဖြစ်သော်လည်း စာအုပ်တော့အတော်လေးစုံပုံရသည်။မရောက်တာအတော်ကြာပြီဖြစ်တာကြောင့် အနည်းငယ်တော့ပြောင်းလဲသွားသည်။
"ဟော၊သားပါလား။မတွေ့ဖြစ်တာတောင်ကြာပြီပဲ"
စာအုပ်ဆိုင်မှဦးလေးကြီးက သူ့ကိုတွေ့တော့တရင်းတနှီးပင်စကားစလာတာကြောင့် သူရိန်နှစ်ခြိုက်စွာပြုံးလိုက်သည်။ဒီဦးလေးကြီးက သူ့ကိုမှတ်မိသေးပုံရသည်။ပြီးသည့်နောက် ဦးလေးကြီး၏အကြည့်က Elle ဆီသို့ရောက်လာတာမို့လို့ Naviel နည်းတူပြုံးပြလိုက်သည်။
"ကျွန်တော်လည်းကျောင်းတက်နေရလို့လေ။အဲ့ဒါအခုကျောင်းပိတ်ရက်မှပဲ ဒီကိုပြန်လာဖြစ်တာ"
"ဪ၊ဦးလေးကတောင်မင်းကိုတွေ့ချင်နေတာ။အရင်က မင်းနဲ့စာအုပ်ဆိုင်ကိုအတူတူလာနေကျကောင်လေးကိုမေးကြည့်တော့လည်း သူမသိဘူးဆိုလို့လေ"
'အရင်ကမင်းနဲ့စာအုပ်ဆိုင်ကို အတူတူလာနေကျကောင်လေး' ဆိုသည့်စကားကြောင့် ဦးလေးကြီးကတေးထက်အကြောင်းပြောနေသည်ဆိုတာကို သူခန့်မှန်းမိလိုက်သည်။ပြန်စဉ်းစားကြည့်ရင် စတွဲဖြစ်ကတည်းက သူလုပ်သမျှအရာတိုင်းတွင် တေးထက်ကမပါမဖြစ်သည့်လူတစ်ယောက်လိုပင်ဖြစ်နေသည်။ဦးလေးကြီး၏စကားကို ပြုံး၍တုံ့ပြန်လိုက်ပြီးနောက် တေးထက်အကြောင်းပြန်မတွေးမိစေရန် သူရိန်ကိုယ့်လက်ကိုယ်ဆိတ်လိုက်သည်။
"ဒါနဲ့စာအုပ်လာငှါးကြတာပဲလား"
"ဟုတ်တယ်ဗျ။ကျွန်တော့်ရဲ့သူငယ်ချင်းကလည်း စာအုပ်အငှါးဆိုင်ကိုရောက်ဖူးချင်တယ်လို့ပြောလို့လေ"
YOU ARE READING
Head Over Heels
RomanceLet me heal your pain with my love.WHY CAN'T YOU JUST ACCEPT ME? Note-This fiction is just my imagination.Thank you. Start date-1/11/2021 End date-28/2/2022