Zawgyi
ဘေးပတ်ဝန်းကျင်ကိုငေးကြည့်ရင်းနှင့် တောင်ခြေကိုဘယ်အချိန်ရောက်လာမှန်းမသိလိုက်။Elliot ကတော့တကယ်ခေါင်းမူးနေတာကြောင့် သူ့ပုခုံးပေါ်တွင်မှီကာ မျက်လုံးကိုခပ်ဖွဖွမှိတ်ထားလို့နေသည်။ကားရပ်လိုက်သည်နှင့် ကျောင်းသားများကတစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားစွာနှင့်အောက်သို့ဆင်းသွားကြသည်။ခဏအကြာတွင် သူရိန်လည်းဘေးဘက်သို့ခေါင်းငဲ့ကြည့်လိုက်ကာ Elle ၏ပွယောင်းနေသည့်ဆံစတို့ကိုခပ်ဖြည်းဖြည်းပွတ်သပ်ရင်း နှိုးလိုက်သည်။
"Elle၊ရောက်ပြီလေ။ဆင်းကြရအောင်"
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သေးပုံမရသည့်ကောင်လေးက သူနှိုးလိုက်တာနှင့် ချက်ချင်းဆိုသလိုပင် ပုခုံးပေါ်မှီထားရာမှ ခါးကိုမတ်လိုက်သည်။စိတ်မကြည်သလိုရှိတာကြောင့် မျက်မှောင်ကြုံ့ရင်းနှင့်ပင် လွယ်အိတ်ကိုလွယ်၍ထရပ်လိုက်သည်။သူရိန်လည်း ကိုယ့်လွယ်အိတ်ကိုယ်ယူကာ Elle နောက်သို့လိုက်သွားလိုက်သည်။
"Shit!"
မကြည်မလင်ဖြစ်နေသည့်စိတ်တို့က သာယာလွန်းသည့်ပတ်ဝန်းကျင်ကြောင့် ဘယ်နားရောက်သွားမှန်းပင်မသိတော့။မြို့ကြီးပြကြီးနှင့်လုံးဝခြားနားတာမို့လို့ Elle ၏မျက်ဝန်းတို့တွင် ပျော်မြူးရိပ်သမ်းနေသည်။စမ်းချောင်းသေးသေးလေးမှ ရေစီးသံကလည်း အကြားအာရုံတွင်ပနံသင့်စွာ လာရောက်ထင်ဟပ်လို့နေသည်။
"တအားသဘောကျစရာကောင်းတာပဲ"
"ခေါင်းမမူးတော့ဘူးလား"
"အင်း၊စိတ်ပြန်ကြည်သွားပြီ။ငါတို့လျှောက်ကြည့်ရအောင်"
"နေပါဦး။ငါနဲ့အရင် tent လာလုပ်ပေးဦးလေ"
"ပျင်းစရာကောင်းလိုက်တာ"
"ဒါဆိုရင်လည်း ငါနဲ့အတူတူလာမအိပ်နဲ့ပေါ့"
ပျင်းရိနေသည့်အသံလေးဖြင့်ဆိုလာသည့်သူ့ကို အနိုင်ယူချင်တာကြောင့် ချက်ချင်းပြန်ပြောလိုက်တော့ မကျေမနပ်ပုံစံဖြင့် လှည့်ကြည့်လာသည်။မကူညီပေးရင် Naviel ကတခြားတစ်ယောက်နှင့်အတူနေမှာ သူသိတာမို့လို့ နှုတ်ခမ်းကိုဖိကိုက်ရင်း ခေါင်းညိမ့်ပြလိုက်သည်။နည်းနည်းပျင်းတယ်ဆိုပေမယ့်လို့ ဒီလောက်ကသိပ်မှမခက်ခဲတာ။
YOU ARE READING
Head Over Heels
RomanceLet me heal your pain with my love.WHY CAN'T YOU JUST ACCEPT ME? Note-This fiction is just my imagination.Thank you. Start date-1/11/2021 End date-28/2/2022