Side character တွေရဲ့နာမည်နည်းနည်းပြောင်းထားပါတယ်။ပြန်ဖတ်ကြည့်တာ ထောက်နေလို့ပါ။
Zawgyi
ညစာစားပြီးပြီးချင်းတွင် ကိုယ့်ဘာသာကိုယ် အိပ်ရာပေါ်မှာထိုင်၍ ဖုန်းသုံးနေတုန်း သူ့ဘေးနားတွင်ဝင်ထိုင်လာသည့် Elle ကြောင့် မျက်ခုံးပင့်ပြလိုက်သည်။စာအုပ်ကိုအရှေ့သို့တိုးပေးလာတော့ စာမေးတော့မည်ဆိုတာကို ခန့်မှန်းမိတာကြောင့် ဖုန်းကိုအိပ်ရာပေါ်တွင်တင်လိုက်ကာ Elle လက်ထဲမှစာအုပ်ကို ဆွဲယူလိုက်သည်။
"ဘာမေးဦးမလို့လဲ"
"ဒီနားကို သိပ်နားမလည်လို့ နောက်တစ်ခေါက်လောက် ထပ်ရှင်းပြပါလား"
ခေါင်းညိမ့်ပြလိုက်ကာ သူပြသည့်နေရာကိုကြည့်လိုက်တော့ ဟိုတစ်နေ့ကတင် ရှင်းပြထားတာဖြစ်သောကြောင့် မျက်မှောင်ကြုံ့ကာကြည့်လိုက်သည်။Elle ကတော့ သူဆူမှာကိုသိသည့်အလား ပြုံးတုံ့တုံ့ပုံစံဖြင့် ဘာမှမပြော။သက်ပြင်းချလိုက်ကာ စားပွဲပေါ်မှ ဘောပင်တစ်ချောင်းကိုယူလိုက်သည်။သူ့မျက်နှာကိုသာ ငေးကြည့်နေသည့်ထိုကောင်လေး၏နှဖူးကို ဘောပင်နှင့်တောက်လိုက်တော့ မကျေနပ်သလိုကြည့်လာသည်။
"ငါ့ကို ဒီလိုဆက်ကြည့်နေမယ်ဆိုရင် မရှင်းပြတော့ဘူး။ကိုယ့်ဘာသာကိုယ် သွားလုပ်တော့"
"မင်းကို အနီးကပ်မြင်ရတာ တအားကြည့်ကောင်းလို့ ခဏလောက်ငေးမိသွားတာပါ။အဲ့ဒီလောက် စိတ်မရှည်စရာမလိုပါဘူး"
နှာခေါင်းရှုံ့ရင်းပြောလာပုံက သူ့မျက်လုံးထဲတွင်တော့ သိပ်ကိုအမြင်ကပ်စရာကောင်းလွန်းနေသည်။ဒီကောင်လေးနှင့် စကားမများချင်တော့တာကြောင့် အကြည့်လွှဲကာ စာအုပ်ရှိရာသို့သာ အာရုံစိုက်ထားလိုက်တော့သည်။ရှင်းပြနေသည့်တစ်လျှောက်လုံးတွင် ခုနကနှင့်ခြားနားစွာပင် ဂရုတစိုက်နားထောင်ကာ ခေါင်းတညိမ့်ညိမ့်လုပ်နေသည်။အကုန်ပြောပြလို့ပြီးသွားတော့ နားလည်သလိုပုံစံဖြင့် သူ့ကိုကြည့်လာသည်။
YOU ARE READING
Head Over Heels
RomanceLet me heal your pain with my love.WHY CAN'T YOU JUST ACCEPT ME? Note-This fiction is just my imagination.Thank you. Start date-1/11/2021 End date-28/2/2022