Zawgyi
ကျောင်းသားတွေသဘောမကျသည့် စာမေးပွဲတွေပြီးသွားသည့်နောက် ကျောင်းပိတ်ရက်တွေကို ရောက်ရှိလာတော့သည်။ဒီတစ်ခေါက်ကျောင်းပိတ်ရက်မှာတော့ ဟိုတလောကပြောထားသည့်အတိုင်းပင် Andreas ရဲ့အိမ်ကလူတွေနှင့်သွားတွေ့ဖြစ်ကြသည်။အမှန်တိုင်းပြောရရင် Lyen အတွက်စာမေးပွဲဖြေရတာထက်ပင် ဒါကပို၍စိတ်လှုပ်ရှားစရာကောင်းနေသည်။
Andreas နေသည့်နေရာကနယ်မြို့လေးဖြစ်သည့်အတွက် သူတို့နှစ်ယောက်ရထားနှင့်လာဖြစ်ကြသည်။သာယာလွန်းသည့်ပတ်ဝန်းကျင်ကငေးကြည့်ချင်စရာအတိဖြစ်လို့နေသည်။သူတို့ပေးသည့်မုန့်ကိုစားပြီးနောက် Andreas ၏ပုခုံးကိုမှီထားရင်းပတ်ဝန်းကျင်ကိုကြည့်နေသည်။မျက်နှာထက်ရှိအပြုံးရိပ်တို့က သူဘယ်လောက်တောင်ပျော်နေလဲဆိုတာသိသာနေသည်။
"ကျွန်တော်အများကြီးသဘောကျတာပဲ"
"အင်း၊စိတ်လှုပ်ရှားနေသေးလား"
"နည်းနည်းတော့စိတ်လှုပ်ရှားတာပေါ့။ဒါပေမဲ့ ခင်ဗျားပြောသလိုပဲသူတို့ကကျွန်တော့်ကိုကောင်းကောင်းဆက်ဆံကြမှာပါ"
နှုတ်ခမ်းကိုဖျတ်ခနဲလာနမ်းရင်းပြောသည့် Lyen ကြောင့်သူလည်းသဘောတကျနှင့်ခေါင်းညိမ့်လ်ုက်ကာ ပွယောင်းနေသည့်သူ့ဆံပင်ကိုဆွဲဖွလိုက်သည်။သီချင်းသံခပ်မြူးမြူးနှင့်အတူ သဘောကျစရာကောင်းနေသည့်ပတ်ဝန်းကျင်ကြောင့် သူ့ရဲ့စိတ်တို့ဟာကြည်လင်လာရသည်။
"Lyen၊ရောက်ပြီလေ"
ပုခုံးကိုခပ်ဖွဖွတို့ထိရင်းပြောလာသည့် Andreas ကြောင့် Lyen မှီထားရာမှထိုင်လိုက်ပြီး စိတ်မကြည်သလိုမျက်မှောင်ကြုံ့ကြည့်လိုက်သည်။ရထားပေါ်မှတခြားသူတွေဆင်းသွားတာကိုတွေ့တော့မှ Andreas နေသည့်နေရာကိုရောက်ပြီမှန်းသိလိုက်သည်။ရှုပ်ပွနေသည့်ဆံပင်ကိုအနည်းငယ်သပ်တင်လိုက်ပြီးနောက် ရထားပေါ်မှဆင်းလိုက်သည်။
"နင်သိပ်ကိုကြည့်ကောင်းလာတာပဲ"
ကြည်လင်နေသည့်အသံနှင့်အတူ သူတို့အနားသို့လျှောက်လာသည့်မိန်းကလေးတစ်ယောက်ကြောင့် Lyen သိချင်စိတ်နှင့်ကြည့်လိုက်သည်။Andreas ကသူ(မ)ကိုတွေ့တော့ နှုတ်ခမ်းကချက်ချင်းပင်ပြုံးယောင်သမ်းသွားကာ မျက်ခုံးပင့်ပြလိုက်သည်။တအားရင်းနှီးနေသည့်ပုံစံဖြင့်ဖက်နေကြသည့်သူနှစ်ယောက်ကိုကြည့်ရင်း Lyen မျက်နှာမဲ့သွားတော့သည်။
YOU ARE READING
Head Over Heels
RomanceLet me heal your pain with my love.WHY CAN'T YOU JUST ACCEPT ME? Note-This fiction is just my imagination.Thank you. Start date-1/11/2021 End date-28/2/2022