Zawgyi
ကျောင်းကသူငယ်ချင်းတွေနှင့်အတူ ခရီးထွက်ရမည်ဖြစ်တာကြောင့် သူရိန်တစ်ယောက် luggage ထဲသို့အဝတ်အစားများထည့်ရင်း အလုပ်ရှုပ်နေသည်။ဒီတစ်ခေါက်ခရီးစဉ်၏အဓိကက တောင်တက်ရမှာမို့လို့ သူ့အတွက်စီးရတာသက်တောင့်သက်သာဖြစ်စေမည့် ဖိနပ်ကိုယူသွားဖို့ကို မမေ့လျော့စေရန် ကိုယ့်ကိုယ်ကိုယ်ပြောနေရသည်။
ရှုပ်ပွနေသည့်အဝတ်အစားများကြားထဲတွင် မျက်မှောင်ကြုံ့နေသည့် Elle ထံမှညည်းညူသံခပ်တိုးတိုးကထွက်လာတော့ သူ့လက်တို့ကတုံ့ခနဲပင်။ပြီးနောက်အလိုမကျသလိုမျက်နှာဖြင့် ထိုကောင်လေးကိုလှမ်းကြည့်မိသည်။အခုတလော Elle တစ်ယောက်သူ့ကိုသိသိသာသာပင် လျစ်လျူရှုထားသည်။မျက်နှာချင်းဆိုင်မိသည်နှင့် မမြင်ချင်ယောင်ဆောင်သွားတတ်သည်မို့လို့ သူ့မှာသိပ်ကိုကသိကအောက်ဖြစ်နေရသည်။
အရင်ကဆိုလျှင် အဲ့ဒီကောင်လေးက စိတ်ရှုပ်တယ်လို့ပြောရင်တောင် ဂရုမစိုက်ဘဲနဲ့ အနားကိုအတင်းလိုက်ကပ်နေတတ်တာလေ။အခုကျမှ ဘာလို့အပြုအမူတွေက ပြောင်းလဲသွားရတာလဲ။နှစ်ယောက်သားရန်ဖြစ်ထားတာလည်းမဟုတ်ဘဲနဲ့ ဘာလို့သူ့ကိုဒီလိုဆက်ဆံနေရတာလဲဆိုတာ သူလုံးဝနားမလည်နိုင်တော့။
"Elle၊အနွေးထည်ယူသွားဖို့မမေ့နဲ့ဦး"
"အာ၊ဟုတ်သား"
Louis ၏စကားကိုပြုံးရင်းပြန်ဖြေလာသည့်ပုံစံကိုကြည့်၍ သူ့စိတ်တို့က ပိုပြီးမကြည်မလင်ဖြစ်လာရသည်။တခြားသူတွေကိုတော့ ပုံမှန်အတိုင်းဆက်ဆံနေပြီး သူ့ကိုကျတော့ မရင်းနီးသည့်သူတစ်ယောက်လိုပြုမူနေတာက ဘယ်လောက်တောင်စိတ်ရှုပ်စရာကောင်းလိုက်သလဲ။တွေးရင်းနှင့်ပင် မကျေမနပ်ဖြစ်လာတာမို့လို့ Elle ကိုမျက်မှောင်ကြုံ့ရင်းကြည့်နေမိသည်။
"Naviel၊မင်းရော...အမ်၊ဘာလို့ Elle ကိုမကျေနပ်တဲ့ပုံစံနဲ့ ကြည့်နေရတာလဲ"
နားမလည်သလိုမေးလာသည့် Louis ၏စကားအပြီးတွင် Elle ကသူ့ကိုကြောင်တောင်တောင်လေးမော့ကြည့်လာသည်။သို့ပေမယ့် စက္ကန့်ပိုင်းပင်မကြာလိုက်၊မျက်နှာမဲ့ရင်းနှင့် ချက်ချင်းအကြည့်ပြန်လွှဲသွားတာမို့လို့ သူလည်းနှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်ကာ အဲ့ဒီကောင်လေးကို လျစ်လျူရှုလိုက်သည်။Elliot ဘက်ကတောင် မသိချင်ယောင်ဆောင်နေတာကို သူကလည်းအရေးလုပ်ပြီး စကားစပြောစရာအကြောင်းလုံးဝမရှိပါဘူး!
YOU ARE READING
Head Over Heels
RomanceLet me heal your pain with my love.WHY CAN'T YOU JUST ACCEPT ME? Note-This fiction is just my imagination.Thank you. Start date-1/11/2021 End date-28/2/2022