Part 1 Unicode

7.3K 328 64
                                    

ခလွမ်း!!!

"အမလေး! ကုန်ပါပြီတော် ၊ ကျုပ် ရှိစုမဲ့စုလေးတွေတော့ ကုန်ပါပြီ"

ပန်းကန်ပြား ကျကွဲသံနှင့် အတူ ဒေါ်တုတ်ရဲ့ အသံကျယ်ကြီးက ကပ်လျက်တွဲ ပါလာလေ၏။သူမက မီးဖိုချောင်ဘက် ခပ်သွက်သွက် ပြေးသွားလိုက်လေသည်။ထင်သည့် အတိုင်းပင် သူမ၏ ချစ်လှစွာသော သားတော်မောင် ဖြစ်သည့် ကျွန်းက ပန်းကန်ပြား အထပ်လိုက်ကြီးကို ခွဲလိုက်လေပြီ ဖြစ်၏။

"ကျွန်းရယ် ငါသေသာ သေလိုက်ချင်တော့တယ်၊နင်မလုပ်တတ်ရင် မလုပ်ပါနဲ့လား ဟဲ့"

ကျွန်းက ပန်းကန်ပြား အကွဲတွေ ကောက်နေရင်းမှ မိခင်ဖြစ်သူကို ပြုံးပြလိုက်ရင်း

"မေကြီးကလည်း သားက ကူညီချင်လို့ပါ"

ဒေါ်တုတ်က သားဖြစ်သူကို မျက်စောင်းထိုးကာ ပန်းကန်ကွဲတွေ ကောက်ရန် ထဘီတိုတို ပြင်ဝတ်လိုက်ရင်း

"တော်... တော် မောင်မင်းကြီးသား၊နောက်ဆို ကျုပ်ပစ္စည်းတွေ မထိတော့နဲ့၊တော်ကြာနေ နင့်ကြောင့် ငါ စီးပွားပျက်တော့မယ်၊သွား... သွား လွတ်ရာ ကျွတ်ရာကိုသာ သွား"

ကျွန်းက အပြစ်ရှိသူ ပီပီ မိခင်ဖြစ်သူကို အထွန့်မတတ်တော့ဘဲ မီးဖိုချောင်ထဲကနေ သုတ်ခြေတင်၍ ထွက်လာခဲ့တော့လေသည်။

ကျွန်းတို့က အမေတစ်ခု၊သားတစ်ခု ဖြစ်ကာ ရွာတွင် ကြီးကြီးတတ် ချမ်းသာတဲ့ သူဌေးသား အမိ ဖြစ်ကြ၏။ပြီးတော့ ကျွန်းက ဘွဲ့ရ ပညာတတ် ဖြစ်ကာ အသား မဆိုသလောက်လေး ဖြူ၍ တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ရုပ်ရည်ကလည်း အင်မတန် ချောမော ပြေပြစ်လေသည်။ထို့ကြောင့် ရွာထဲတွင်သာမက ရွာနီးချုပ်စပ်မှ ပျိုပျို၊အိုအို အားလုံး၏ အသည်းစွဲ ဖြစ်ရလေ၏။သူ့တွင် အမှတ်ရစရာ ပါးချိုင့်လေး တစ်ဖက်ပင် ရှိနေသေးသည်။လူကလည်း သဘောကောင်း၊မနောကောင်း ဖြစ်ကာ လူတိုင်းနှင့် ဖော်ဖော်ရွေရွေ ပြောဆို နေထိုင်တတ်လေသည်။ပြောစရာ ပြစ်ချက်ဆိုလို့ တစ်ခုပဲ ရှိလေသည်။ထိုအရာမှာ ရံဖန်ရံခါ ဗြုတ်စဗျင်းတောင်း ဖြစ်တတ်တာလေးနှင့် အစအနောက် သန်တာလေးပင် ဖြစ်၏။

ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)Where stories live. Discover now