Part 8 Unicode

3K 222 4
                                    

"နွယ်နှောင်းမှာ ဘာချို့ယွင်းချက်တွေ ရှိနေလို့လဲ သံလွင်၊နွယ်နှောင်းတို့ သားအဖက ကျွန်းတို့ မိသားစုဆီမှာ ကပ်နေရတာက လွဲရင် ကျန်တာ အဆင်ပြေနေတာပဲဟာ ၊နွယ်နှောင်းက ကျွန်းလိုပဲ ပညာတတ် ဘွဲ့ရ တစ်ယောက်ပါ၊ပြီးတော့ ကျွန်းက ရှင့်ကို ချစ်တာလည်း မဟုတ်ဘူးလေ"

ဟိန်းသံလွင် တစ်ယောက် တဲက ပြန်လာစဥ် လမ်းတွင် စောင့်၍ တားကာ နွယ်နှောင်းမှ နှောက်ယှက်နေခြင်း ဖြစ်၏။နွယ်နှောင်းက ပွင့်ပွင့် လင်းလင်းရှိကာ တည့်တိုးသာ ပြောတတ်သော အမျိုးသမီးကလေး ဖြစ်လေသည်။
ဟိန်းသံလွင်မှာ အိမ်ထောင်ရက်သား ကျသွားပြီ ဖြစ်သော်လည်း သူမ အနေနှင့် ကြိုးစားကြည့်ချင်သေးလေသည်။

ဟိန်းသံလွင်က မလှုပ်အယှက် မတ်တပ်ရပ်ကာ
လေသံမာမာနှင့် ပြောလေ၏။

"နွယ်နှောင်း... ငါက ကျွန်းကို ပညာတတ် သူဌေးသားမို့ ချစ်တာ မဟုတ်ဘူး၊ကျွန်းက သူဖုန်းစား တစ်ယောက် ဖြစ်နေခဲ့ရင်လည်း ငါချစ်မှာပဲ၊တကယ်တော့ ကျွန်းနဲ့ငါ နှပ်ချေး တွဲလောင်း အရွယ်တည်းက ကျွန်းကို ငါ့ ဘဝ  တစ်ခုလုံးနဲ့ ရင်းပြီး ချစ်ချင်ခဲ့တာ၊အဲဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ကျွန်း ငါ့ကို မချစ်လည်း ငါကတော့ ချစ်မှာပဲ၊မင်း နောက်ထပ် အခုလို လမ်းမှာ တားပြီး မနှောက်ယှက်ဖို့ပဲ ​မေတ္တာရပ်ခံပါရစေ"

ဒါက ဟိန်းသံလွင်၏ ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် သူစိမ်းတွေနှင့် စကား အများကြီး ပြောဖူးခြင်းပင် ဖြစ်၏။

​အဟမ်း~​အဟမ်း~အဟမ်း

ဝါးရုံပင် နောက်မှ ချောင်းဟန့်၍ ထွက်လာကြ သူများကတော့ ကျွန်းနှင့် ထွန်းတောက်ကြယ်ပင် ဖြစ်၏။ဘယ်အချိန်တည်းက ရောက်နေတာလည်း ဆိုရင်ဖြင့် ဤနေရာကို ဟိန်းသံလွင်ရော၊နွယ်နှောင်းရော ရောက်မလာခင်တည်းက ဖြစ်၏။

တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့တွင် ပြုလုပ်မည့် နိဗ္ဗာန်စျေးနှင့် ရှိုးပွဲကြီးအတွက် စတိတ်စင် ဆောက်ရန် ဝါးလာခုပ်ခြင်း ဖြစ်လေ၏။သူတို့ ရွာတွင် နှစ်စဥ်နှစ်တိုင်း လပြည့်ည၌ ကုသိုလ် ကောင်းမှု ပြုလုပ်ကာ တစ်ရက်နေ့ညတွင် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြလေသည်။

ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)Where stories live. Discover now