ဗြုန်းစားကြီး လက်ထပ် စာချုပ်ပေါ်တွင် လက်မှတ် ထိုးလိုက်ရသည့် ခံစားချက်ကို ကျွန်း
တစ်ယောက် ဘယ်လို ဖွဲ့ဆိုရမှန်း မသိပေ။စာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီးသည်နှင့် သူဟာ အိမ်ထောင်သည် တစ်ယောက် ဖြစ်လို့ သွားရချေပြီ။သူ့တွင် ငြင်းဆိုရန် အခွင့်အရေး မရှိပေ။ဤကိစ္စတွင် မိခင် ကိုယ်တိုင်က
တတ်တတ်ကြွကြွ ပါဝင် လှုပ်ရှားနေသဖြင့် သူထွက်လည်း မပြေးတတ်ပေ။ထို့ပြင် သူ
ဟိန်းသံလွင် အပေါ် ချစ်သည်လား၊မချစ်သည်လားလည်း မသိသေးပေ။ထို့ကြောင့် တလွဲတွေ လုပ်သွားတဲ့ ဟိန်းသံလွင်ကို တိတ်တိတ်လေး ဒေါသ ထွက်နေရုံမှ တစ်ပါး တစ်ခြား မတတ်နိုင်ပေ။ဒေါ်တုတ်က လက်ထပ် စာချုပ်မှာ လက်မှတ်ထိုးပြီးသည်နှင့် စာချုပ် နှစ်ခုလုံးကို သိမ်းကာ လူကြီး အားလုံးကို ခေါ်၍ ရွာထဲသို့ ပြန်သွားလေတော့သည်။အခုတော့ တဲထဲတွင် ကျွန်းနှင့် ဟိန်းသံလွင် နှစ်ယောက်တည်းသာ ကျန်ခဲ့လေ၏။
ကျွန်းက ခြောက်ကပ်ကပ် လေသံနှင့် ပြောလာလေသည်။
"ငါမှားတာပါ ၊ ငါ မင်းနဲ့ နီးနီးကပ်ကပ် မနေခဲ့
သင့်ဘူး"ကျွန်း၏ စကားတွေက သူ့ကိုယ်ကို အပြစ်တင်နေသည်လား၊ဟိန်းသံလွင်ကို အပြစ်တင်နေသည်လား မသဲကွဲပေ။
ဟိန်းသံလွင်က ကျွန်း၏ ပခုံးကို ဆုပ်ကိုင်လိုက်ကာ
"မင်း မမှားပါဘူး ၊ငါမှားတာပါ..."
ကျွန်း တစ်ယောက် သွေးပူနေသဖြင့်
ဟိန်းသံလွင် သူ့ကို လာထိတာကို မကြိုက်ပေ။ဒီကိစ္စ အားလုံးဟာ ဟိန်းသံလွင် အာချောင်လို့ ဖြစ်ရသည် မဟုတ်ပါလား။ထို့ကြောင့် သူ့ ပခုံးပေါ်က ဟိန်းသံလွင်၏ လက်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်လေသည်။ဟိန်းသံလွင်
တစ်ယောက် တော့ မည်မျှ နာသွားသည် မသိ၊သူ့ လက်ကတော့ တော်တော်လေး နာသွားလေသည်။ကျွန်းက ရော့ရဲနေသည့် ပုဆိုးကို ပြင်ဝတ်လိုက်ရင်း ဖုန်း flash မီးကို ဖွင့်ကာ တဲ အပြင်ကို ထွက်ရန် ခြေလှမ်း ပြင်လိုက်လေ၏။
ဟိန်းသံလွင် မျက်နှာက ဝမ်းနည်းရိပ်များ ထင်ဟပ်သွားလေသည်။သူ နားလည်လိုက်လေပြီ။ကျွန်းသည် သူ့အား ဥပေက္ခာ ပြုတော့မည် ဆိုတာကိုပင်။သို့ပေမဲ့ သူ မတတ်နိုင်ပေ။သူ မွှေးသည့် မီးမို့ သူ့ကို လောင်သွားလည်း ကြိတ်မှိတ်ခံရုံသာ။အနည်းဆုံးတော့ သူသည် ချစ်ရသူကို အပိုင်ရနေပြီ မဟုတ်ပါလား။အချစ်တော့ မပါသေးပေမဲ့ပေါ့။သူ ကြိုးစားမည်။အချိန် တစ်ခုကို ရောက်သည့်အခါ ကျွန်းသည် သူ့ကို ချစ်လာပေလိမ့်မည်။
VOCÊ ESTÁ LENDO
ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)
Romanceအသွင် မတူသည့် ကောင်လေး နှစ်ယောက် အကြောင်း တစေ့တစောင်း။ #Lary