Part 5 Unicode

3.1K 251 13
                                    

"ကျွန်းရယ်...နင်ကတော့ လုပ်ချလိုက်ပြန်ပြီ"

ဒေါ်တုတ်၏ ညည်းညူ အပြစ်တင်နေသည့် အသံက ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြားပင် ဖြစ်၏။

ကျွန်းက အပြစ်ရှိသူ ပီပီ ခေါင်းကို ငုံ့ကာ

"နောက်ကို သား ဆင်ခြင်ပါ့မယ် မေ..."

"တိတ်စမ်း!!!"

ကျွန်း တစ်ယောက် လက်စွဲတော် ဆင်ခြေကိုပင် ဆုံးအောင် မပြောရသေးခင် ဒေါ်တုတ်၏ အသံက ထပ်မံ၍ ဟိန်းထွက်လာ၏။ဒေါ်တုတ်က သက်ပြင်းမောကို ချလိုက်ရင်း ကျွန်းကို ဆက်၍ ဆူလေသည်။

"နင့် လုပ်ပုံ ကောင်းသေးရဲ့လား... ဟယ်၊သူများတိုက်ကြက်ကိုများ လောက်လေးဂွနဲ့ ပစ်ရတယ်လို့၊အခုတော့ ငါက တစ်သိန်းခွဲ ရော်လိုက်ရပြီ၊စားလို့ သောက်လို့ ကုန်တာဆို ငါ မပြောလိုဘူး၊အခုဟာက နင် လက်ကမြင်းလို့ ဖြစ်ရတာ"

ကျွန်းက နှာခေါင်းကို ရှုံ့လိုက်ရင်း

"ကျွန်တော်က ကြက်ကို ပစ်တာ မဟုတ်ပါဘူး မေကြီးရာ၊ရခိုင်လေးတို့က လောက်လေးဂွ ပစ်တာ သင်ပေးပါ ဆိုလို့ သင်ပေးရုံပဲ၊ကိုကျော်ဦးရဲ့ ကြက် ကျွန်တော်တို့ ပစ်ကွင်းထဲ ဝင်လာတာတော့ မတတ်နိုင်ဘူးလေ၊ကြက်ကိုက ကံကုန်ချင်တာကိုး"

ဒေါ်တုတ်က သားဖြစ်သူ ကျွန်း၏ နားရွက်ကို ခပ်နာနာ လိမ်ဆွဲလိုက်ရင်း

"ဟဲ့ ငကျွန်း၊ဘာကိစ္စ ကြက်ကို အပြစ်ပုံချနေတာလဲ၊နင်ဟာလေ ကြီးကောင်ကြီးမားနဲ့ ​ဗြုတ်စဗျင်းတောင်းတွေကြီး လုပ်နေတယ်... ပြောကို မပြောချင်တော့ဘူး တကယ်၊အခု ငါက အဲဒီ ကြက် အသေကြီး ဘာလုပ်ရမှာလဲ ဟဲ့"

ကျွန်းက ဒေါ်တုတ်ကို သွားဖြီး၍ ပြုံးပြလိုက်ပြီးနောက်

"​မြို့က မေကြီးရဲ့ အမျိုးတွေ ဒီနေ့ လာမှာဆို၊ သူတို့ကို ချက်ကျွေးလိုက်ပေါ့၊တစ်သိန်းခွဲတန် ကြက်ကြီး ချက်ကျွေးတာဆိုတော့ မေကြီးလည်း ဂုဏ်ရှိတာပေါ့...ဟဲဟဲ"

ကျွန်းက ထိုသို့ ပြောပြီးတာနဲ့ ဒေါ်တုတ် သူ့ကို ရိုက်ဖို့ ကျွန်းကတိုးသား ရှာမတွေ့ခင် အိမ်ထဲက အမြန် ပြေးထွက်လိုက်လေသည်။ဒေါ်တုတ်က နောက်ကနေ အသံကုန်ခြစ်၍ အော်ပြောလေ၏။

ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)Where stories live. Discover now