" သံလွင် နေ့လယ်ကျ မင်းဆီ ငါလာခဲ့မယ်"
လယ်ထဲသွားမည့် ဟိန်းသံလွင်ကို အိမ်ဝ အထိ လိုက်ပို့ရင်း ကျွန်းမှ ပြောလိုက်ခြင်းပင်။
ဟိန်းသံလွင်က ပြုံးလိုက်ရင်း
"အင်း လာခဲ့လေ၊ခမောက်တော့ ဆောင်းခဲ့၊နေ အရမ်း ပူတယ်"
ထို့သို့ ပြောကာ လယ်ထဲသွားရန် ခြေဦးတည်ကာ သုံးလှမ်းမျှ လျှောက်ပြီးကာမှ ကျွန်းဆီသို့ ပြန်လျှောက်လာကာ ပါး တစ်ဖက်ကို ဖျတ်ခနဲ နမ်းလိုက်လေသည်။
"သွားပြီ"
"နေဦး!"
ကျွန်းက ဟိန်းသံလွင်ကို အလန့်တကြား လှမ်းတားလိုက်လေ၏။ဟိန်းသံလွင်က ဘာလဲ ဟူ
သည့် သဘောဖြင့် မေးဆတ်ပြလေသည်။ကျွန်းက အနမ်းမခံရသေးသည့် သူ၏ ပါး တစ်ဖက်ကို လက်ညှိုးနှင့် ထိုးပြရင်း
"နောက် တစ်ဖက် ကျန်သေးတယ်လေ"
ဟိန်းသံလွင်က ခပ်ရေးရေး ပြုံးကာ ကျန်နေသေးသည့် ပါး တစ်ဖက်ကို ရွှတ်ခနဲ မြည်အောင် နမ်းပစ်လိုက်လေ၏။
ကျွန်းက ဟိန်းသံလွင်၏ ခေါင်းကို ခပ်ဖြေးဖြေး ပုတ်လိုက်ရင်း
"လိမ္မာလိုက်တာ ကိုယ့်ကောင်လေးက"
ဟိန်းသံလွင်က ကျေနပ်စွာ ပြုံးပြ၍ ကျွန်းကို တာ့တာ ပြကာ လယ်ထဲသို့ ပျော်ရွှင်စွာ ထွက်သွားလေတော့၏။ဟိန်းသံလွင်ဆိုသည်မှာ ကျွန်းပျော်လျှင် ပျော်မည်။ကျွန်း ဝမ်းနည်းလျှင် သူလည်း အတူလိုက်၍ ဝမ်းနည်းမည်။သူ၏ ဖြစ်တည်မှုသည် ကျွန်း အတွက်သာ ဖြစ်လေ၏။
ကျွန်း တစ်ယောက် ဟိန်းသံလွင် ကြော်ပေးခဲ့
သည့် ထမင်းကြော်နှင့် ညက ချက်ထားသည့် ပိန်းဥဟင်းကို တွဲဖက်၍ စားလိုက်လေသည်။
လိုက်ဖက်သည်၊မလိုက်ဖက်သည် ဆိုတာထက် ကျွန်းက သူ ကြိုက်လျှင် အကုန် စားလေ၏။တီ~~တီ~~တီ~~
ထမင်းကြော် စားနေရင်းမှ ဖုန်းသံ မြည်လာသဖြင့် စားလက်စကို ခဏ ချကာ ခုံပေါ်မှ ဖုန်းကို ယူလိုက်လေသည်။ဖုန်း မျက်နှာပြင်တွင် ပေါ်နေသည်က အဝေးသင် တတ်နေရင်းမှ ခင်မင် ရင်းနှီးခဲ့သော သူငယ်ချင်း ဖြစ်သူ ဝသုန်ဦးပင် ဖြစ်၏။
YOU ARE READING
ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)
Romanceအသွင် မတူသည့် ကောင်လေး နှစ်ယောက် အကြောင်း တစေ့တစောင်း။ #Lary