Part 10 Unicode

2.8K 210 13
                                    

ဟိန်းသံလွင်တို့၏ သင်္ဘော ထွက်ခွာသည် အထိ
စောင့်ကြည့်ရန် ကျွန်း တစ်ယောက် ကမ်းစပ်တွင် ထိုင်နေလိုက်လေသည်။သင်္ဘောပေါ်ရှိ ဟိန်းသံလွင်နှင့် တစ်ယောက် မျက်နှာ တစ်ယောက် စိုက်ကြည့်နေရုံမှ လွဲ၍ တစ်ခြား လူတွေလို အော်ဟစ် နှုတ်ဆက်လို့ မရပေ။သူတို့သာ ထိုသို့ နှုတ်ဆက်လိုက်ပါက တစ်ရွာလုံး ဟိုးလေး တကြော်ကြော် ဖြစ်သွားနိုင်လေသည်။ထို့ကြောင့် သူတို့ နှစ်ဦးသည် လူ အများ၏ ရှေ့မှောက်တွင် အကဲပိုခွင့် မရပေ။

ဟိန်းသံလွင်က လက်ထဲရှိ ဖုန်းကို မြှောက်ပြလိုက်ပြီး ဖုန်းကို ကြည့်ရန် အချက်ပြလာလေသည်။ထို့ကြောင့် ကျွန်းလည်း သူ့ ဖုန်းကို ဖွင့်ကြည့်လိုက်လေ၏။ခဏ အကြာတွင် ဖုန်းထဲသို့ စာတို တစ်စောင် ရောက်ရှိလာလေသည်။

"ငါက မင်းကို နမ်းချင်သေးတာ"

ဟိန်းသံလွင် ပို့လိုက်သည့် စာကြောင့် ကျွန်း ပြုံးမိသွားလေသည်။ထို့ကြောင့် သူလည်း စာတို တစ်စောင် ပြန်ပို့လိုက်လေ၏။

"တဏှာ ရူးမနေတော့နဲ့"

ထို့နောက် ကျွန်းနှင့် ဟိန်းသံလွင်တို့ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ အသံတိတ် ရယ်မိကြလေတော့၏။

ဟိန်းသံလွင်တို့ သင်္ဘော ထွက်ခွာသွားပြီးသည့်နောက် ကျွန်းလည်း အိမ်သို့ ပြန်ရန် ခြေလှမ်း ပြင်လိုက်လေတော့၏။အိမ်တွင် ရှိသည့် ကြက် အရေအတွက်ကို စစ်ရဦးမည် မဟုတ်လား။

နွယ်နှောင်း တစ်ယောက် သုတ်ခြေတင်ကာ ကျွန်း၏ ရှေ့တည့်တည့်ကနေ လျှောက်လာ
သဖြင့် ကျွန်း ပြုံးကာ နှုတ်ဆက်လိုက်လေ၏။တစ်ရွာတည်းသား ဖြစ်ကာ အချစ်ဦးလည်း ဖြစ်ခဲ့တာမို့ လမ်းမှာ တွေ့ လို့ နှုတ်ဆက်တာမျိုးက ပုံမှန်ပင် ဖြစ်လေသည်။

"နွယ်နှောင်း ဘာတွေ အရေးကြီး သုတ်ပြာ ဖြစ်နေတာလဲ"

နွယ်နှောင်းက ဟင်းခနဲ မြည်အောင် သက်ပြင်းချပြီးနောက်

"ညက ငါ့ အဖေရဲ့ မြူအိုးတွေကို ဘယ်အကောင် လက်ကမြင်းပြီး ခိုးသွားမှန်း မသိလို့ လိုက်ရှာနေတာ ဟေ့"

ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)Where stories live. Discover now