Part 7 Unicode

3K 227 8
                                    

အဟွတ်~အဟွတ်~အဟွတ်

သန်းခေါင်လောက်ကြီး လည်ချောင်း ယားလာသဖြင့် ကျွန်းတစ်ယောက် နိုးလာရလေသည်။
တစ်ညနေလုံး သောက်ထားသည့် အမူးသည်လည်း ပြေသွားလေပြီ ဖြစ်၏။မူးနေတုန်း ရှာခဲ့သည့် ပြဿနာတွေကိုတော့ သူ သေချာ မမှတ်မိတော့ပေ။

ပူအိုက်နေသည့် ကြားထဲမှ သူ့ တစ်ကိုယ်လုံးကို ရင်ခွင်ထဲ ထည့်ကာ ဖက်ထားသည့်
ဟိန်းသံလွင်ကြောင့် စိတ်ပေါက်ပေါက်နှင့် အားကုန် တွန်း၍ ဖယ်ပစ်လိုက်လေသည်။ထို့နောက် ခုတင် အောက်ကိုပါ ကန်ချ ပစ်လိုက်လေ၏။

ခုတင်က အရမ်း မမြင့်သဖြင့် ထိခိုက်မိတာမျိုးတော့ မရှိပေ။ဟိန်းသံလွင်က ခုတင်အောက်တွင် အိပ်ချင် မပြေသေးသဖြင့် မျက်လုံးတွေကို လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်လေသည်။ပြီးနောက်

"ဘာလိုချင်လို့လဲ ကျွန်း"

ခုတင်အောက်ကို ကန်ချခံရပေမဲ့လည်း
ဟိန်းသံလွင်က ကျွန်းကို စိတ်မဆိုးပေ။
သူက အစတည်းက အိပ်ပျော်နေတာ မဟုတ်သောကြောင့် ကျွန်း ချောင်းဆိုးတည်းက နိုးတော့မည် ဆိုတာကို သူ သိလေသည်။

ကျွန်းက ခုတင်ပေါ်တွင် ငုတ်တုတ် ထိုင်လိုက်ပြီး ဟိန်းသံလွင်ကို မျက်စောင်း ထိုးလိုက်ကာ

"မင်း ဘာလို့ ကိုယ့် အခန်းမှာ ကိုယ် မအိပ်တာလဲ"

ဟိန်းသံလွင်က ကြမ်းပြင်ပေါ်တွင် အကျအန တင်ပျဥ်ခွေကာ ထိုင်လိုက်ရင်း

"မင်း ငါ့အခန်းကို ဖွထားတယ်လေ၊ဟင်...မဟုတ်ဘူးလား၊ဒီတစ်ညတော့ မင်းနဲ့ အိပ်ပါရစေကွာ...နော်"

ဟင်း...

ကျွန်းက သက်ပြင်းမော တစ်ချက် ချလိုက်ရင်း

"အဲဒါဆို အောက်မှာ အိပ်၊ခုတင်ပေါ်  ထပ်တတ်လာရင် ကန်ချမှာနော်၊ငါ့ကို အခွင့်အရေး ယူဖို့ မကြိုးစားစမ်းနဲ့ ကြားလား"

ထို့နောက် ကျွန်းက ခုတင်ပေါ်တွင် လှဲ၍ အိပ်လိုက်လေ၏။နောက်ကျောမှ အခန်း တံခါး
တွန်းဖွင့်သံ ကြားသဖြင့် သူ အမြန် လှည့်ကြည့်လိုက်လေသည်။ဟိန်းသံလွင်က အခန်း အပြင် ထွက်သွားခဲ့လေပြီ ဖြစ်၏။

ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)Where stories live. Discover now