Part 3 Unicode

3.2K 254 4
                                    

ယနေ့သည် ဆွမ်းတော်ကြီး ကပ်သည့် နေ့ဖြစ်၍ ရွာဦး ဘုန်းကြီးကျောင်းတွင် လူစည်ကားနေသလို ဒေါ်တုတ် အိမ်တွင်လည်း လူစည်ကားလှ၏။ရွာဦး ဘုန်းကြီးကျောင်းတွင် ထမနဲနှင့် မုန့်ဆန်းထပ် ကျွေးသည် ဖြစ်သောကြောင့် ဝန်တာ သိပ်မကြီးသဖြင့် ထမင်းကျွေးသည့် ဒေါ်တုတ် အိမ်တွင်သာ လူငယ်လေး အများစုက စုရုံး၍ ကူညီကြလေသည်။

"ဒေါ်ကြီးတုတ် ကိုကြီးကျွန်းကို မတွေ့မိပါလား၊ဘယ်သွားလို့လဲ ဟင်"

ရွာ၏ အချော၊အလှလေးများထဲမှ တစ်ဦးဖြစ်သည့် ချိုချိုအေးမှ မေးလိုက်ခြင်းပင်။
ဒေါ်တုတ်က ထမင်းခူးနေရင်းမှ

"မသိပါဘူး အေ၊မနက်တည်းက ထွက်သွားတာပဲ၊မြသပိတ်တို့ ရွှေသင်္ကန်းတို့ကို အိုးစည်နဲ့ ကြိုဖို့ ဆိုလား"

ထိုစဥ် လူပျိုပေါက် အရွယ် ထွန်းတောက်ကြယ်က ဒေါ်တုတ်နှင့် ချိုချိုအေးကြား တိုးခွေ့၍ ဝင်ထိုင်လိုက်ရင်း

"ဒေါ်ကြီးတုတ် ထမင်းခူးတဲ့ အလုပ်ကို ကျွန်တော်ပဲ လုပ်ပါ့မယ် ဗျာ၊ထမင်းကျွေးရုံထဲမှာ ဟိုဖက်ရွာက ဧည့်သည်တွေ ရောက်နေတယ်၊ဒေါ်ကြီးတုတ်က အိမ်ရှင်လေ...သွား
ဧည့်ခံပါဦး ဗျ"

ထို့နောက် ဒေါ်တုတ်က ထွန်းတောက်ကြယ်၏ လက်ထဲသို့ ထမင်း ခူးခြင်း အလုပ်ကို အပ်ခဲ့ပြီး
ထမင်းကျွေးရုံ ထဲသို့ ဝင်သွားလေတော့သည်။

ထွန်းတောက်ကြယ်က ချိုချိုအေးကို မျက်ခုံး တစ်ဖက် ပင့်ပြလိုက်ရင်း

"ချိုကြီး နင် ပျော်ရဲ့..."

ထွန်းတောက်ကြယ်၏ စကားပင် မဆုံးလိုက် ချိုချိုအေးက ဝုန်းခနဲ ထကာ မတ်တပ် ထရပ်လိုက်ရင်း

"ဟဲ့ အကောင်၊ ဘာကို ချိုကြီးလဲ နာမည်
အပြည့်အစုံ ခေါ်ဟဲ့ ၊စိတ်ကို မရှည်ဘူး... တော်ပြီ...နင့်ဟာနင် တစ်ယောက်တည်း ထမင်းခူးတော့၊အရှေ့မှာပဲ သွား ဧည့်ခံတော့မယ်"

ချိုချိုအေးက ဒေါနှင့်၊မောနှင့် ပြောပြီးနောက်
ခြေထောက် ဆောင့်ကာ ထွက်သွားလေတော့သည်။ထွန်းတောက်ကြယ်ကတော့ သူ ဘာမှားသွားလဲ သူမသိပေ။နှပ်ချေး ချိုးကပ်တဲ့  အရွယ်တည်းက ထိုနာမည်ကို ခေါ်လာခဲ့တာကို အခုမှ ဘာ အရူးထ၍ စိတ်ဆိုးသွားမှန်း သူတကယ်ကို စဥ်းစား၍ မရနိုင်ပေ။အနားတွင် ရှိနေသည့် လူပျို၊အပျိုလေးများကတော့ဖြင့် ထွန်းတောက်ကြယ်ကို ကြည့်ကာ တဝါးဝါးနှင့် ပွဲကျသွားကြလေတော့သည်။

ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)Tempat cerita menjadi hidup. Temukan sekarang