"ဟဲ့ ငကျွန်း ခုံပေါ်မှာ ထိုင်စမ်း"
ကြွေကြမ်းခင်းပေါ် ပျင်းရိပျင်းတွဲဖြင့် လှဲလျောင်းနေသည့် ကျွန်းကို ဒေါ်တုတ် မြင်ပြင်းကတ်စွာ ပြောလိုက်ခြင်းပင် ဖြစ်၏။
ကျွန်းက အဆက်အစပ် မရှိ ပြန်ပြောလေသည်။
"ပူလို့ ဗျ ၊မေကြီးရ"
ဒေါ်တုတ် တစ်ယောက် အဝတ် အခြောက်တွေကို ခေါက်နေရင်းမှ
"ဟဲ့ ပူရင် ရေချိုးပေါ့၊အပျင်းတစ် မနေနဲ့၊သွား သွား"
ကျွန်းက ကြွေကြမ်းခင်းပေါ် ဟိုဟိုဒီဒီ လူးလှိမ့်လိုက်ရင်း
"မေကြီးကလည်း ဗျာ၊လူပူတာ မဟုတ်ဘူး ရင်ပူတာဗျ"
ဒေါ်တုတ်က မဆိုင်းမတွပင် ပြန်ပြောလေ၏။
"ဟဲ့ ပူတော့မှာပေါ့ ၊အားနေ ဘီယာတွေ၊ထန်းရည်တွေပဲ သောက်နေတာကို"
ကျွန်း ဆက်ပြောလည်း မိခင်ဖြစ်သူက သူ့ကို ရွဲ့ကာ အပြစ်ချည်း လှိမ့်ပြောနေမှာကို သဘောပေါက်သောကြောင့် လှဲနေရာမှ ကုန်းထကာ အပြင်သို့ ထွက်လာလိုက်လေသည်။
ကျွန်း ရင်ပူနေရသည့် ကိစ္စက သပ်သပ်ရှိလေသည်။အကြောင်းမှာ သူ ဖုန်းဆက်တိုင်း
ဟိန်းသံလွင် တစ်ယောက် မကိုင်သည်မှာ သွားသည့် နေ့တည်းကနေ အခုဆိုလျှင် တစ်ပတ်ပင် ရှိပြီ ဖြစ်၏။ခရီးစထွက်သည့် နေ့က သူ မူးပြီး အိပ်ပျော်နေစဥ် ဟိန်းသံလွင် ဘက်မှ ဖုန်းခေါ်ထားသည့် call တွေကို တွေ့လေသည်။သို့ပေမဲ့
မိခင်၏ တရားတွေကို အရင် နာနေရသဖြင့် ချက်ချင်း ပြန်၍ ဖုန်း မခေါ်ဖြစ်ခဲ့ပေ။ထို့ပြင် ဟိန်းသံလွင်၏ Facebook account သည်လည်း အရင်လို active မဖြစ်တော့ပေ။
တစ်ခြား သူရင်းငှားတွေဆီ ဖုန်းဆက်တော့လည်း ဟိန်းသံလွင်က ရိတ်သိမ်းခြွေလှေ့ မောင်းနေသည်ဟုသာ အကြောင်းပြချက် ပေးလေသည်။ဒါက သူ့ကို သပ်သပ်ကြီး အကြောင်းပြချက် ပေးကာ ရှောင်နေတာနှင့်ပင် တူနေလေ၏။ကျွန်း တစ်ယောက် ခြေဦးတည့်ရာ လမ်းလျှောက်ရင်း ခေါင်းကိုလည်း တဗျင်း
ဗျင်း ကုတ်လိုက်လေသည်။"ဘာလဲဟ၊မဟုတ်မှ ဒင်းက ငါ့ကို ထားခဲ့ပြီး အောက်သူ အချောလေးနဲ့ နှစ်ကိုယ်တူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်နေတာများလား"
ESTÁS LEYENDO
ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)
Romanceအသွင် မတူသည့် ကောင်လေး နှစ်ယောက် အကြောင်း တစေ့တစောင်း။ #Lary