မြစ်ကမ်းဘေးတွင် ဆန်စက် အကြီးကြီးက ကြိုဆိုနေလျက်။ကျွန်း၏ မျက်နှာမှာတော့ စိုးရိမ်မှုများနှင့် ပြည့်နှက်နေသဖြင့် နဂို ဖြူသည့် အသားအရေက ယခုတွင် ပို၍ ဖြူစုတ်လို့ နေလေသည်။မကြာခဏ မချိပြုံး ပြုံးနေသဖြင့် ပါးချိုင့် တစ်ဖက်က ခွက်လို့ ဝင်လျက်။
ကမ်းနားကို စက်လှေ ကပ်သည်နှင့် တစ်ခြားသူများကိုပင် မစောင့်တော့ဘဲ ရေဆိပ်တံတားပေါ်ကို ရှေ့ဆုံးကနေ ခပ်သွက်သွက် တတ်သွားလေတော့သည်။ပြီးနောက်
စက်လှေပေါ်က မတတ်ရသေးသည့် ဝသုန်ဦးကို မာန်မဲလိုက်လေ၏။"ဟေ့ကောင် မြန်မြန် တတ်လေကွာ၊အခုကျ နှေးတိနှေးတုံ့နဲ့ နှာထရင်တော့ မင်း ရှေ့ဆုံးက"
ကျွန်း၏ ပေါက်ပေါက်ဖောက်သံတွေကို နားမထောင်လိုတော့သောကြောင့် တံတားပေါ်
ခပ်မြန်မြန် တတ်လိုက်လေသည်။ထို့နောက် ကိုစိုးလွင်နှင့် နွယ်နှောင်းတို့သည်လည်း ကိုယ်စီ တံတားပေါ် တတ်လိုက်ကြလေ၏။ဝသုန်ဦးက ဦးဆောင်၍ သူ့ အဒေါ် ဖြစ်သူ ဆန်စက် ပိုင်ရှင် အဒေါ်ကြီး ဆီသို့ ခေါ်သွားပေးလေသည်။ဆန်စက်နှင့် တွဲလျက်တွင်
ပျဥ်ထောင်အိမ် အကြီးကြီးက ရေနံချေး ဝနေသဖြင့် မည်းမှောင်လို့ နေလေသည်။ဝသုန်ဦး၏ အဒေါ်သည် ဝဝဖိုင့်ဖိုင့်၊အသားမဲမဲနှင့် ဖြစ်ကာ သဘောမနောတော့ အတော်လေး ကောင်းလေ၏။
သူတို့ လေးယောက် ထိုင်ဖို့ရာ ဝသုန်ဦးက
သူ့ဟာသူ ဖျာကြမ်း တစ်ချက်ကို ယူခင်းလိုက်လေ၏။ပြီးနောက် ကျွန်းတို့ကို အဒေါ် ဖြစ်သူနှင့် တိုတိုတုတ်တုတ် မိတ်ဆက်ပေးလေသည်။"ဒါ ငါ့ အဒေါ် ဒေါ်မိခိုင်တဲ့၊ဒေါ်ကြီး ဒါ
ကျွန်တော့် သူငယ်ချင်းတွေ"သို့နှင့် စကား ခဏမျှ ပြောပြီးသည့် အခါ ကျွန်းတို့နှင့် ဒေါ်မိခိုင်မှာ ရင်းနှီးသွားလေတော့၏။
"ဒါဆို မောင်ရင်တို့က မောင်ရင်တို့ သူငယ်ချင်းကို လာရှာကြတာပေါ့၊အေးကွယ် ခဏတော့ စောင့်ပေး၊စက်ထဲက လူကုန် စပါးသွား ချကြလို့ ဒီမှာ တစ်ယောက်၊နှစ်ယောက်ပဲ ကျန်ခဲ့ကြတာ၊မွန်းလွဲလောက်ဆို ပြန်ရောက်မှာပါ၊ဒေါ်ကြီးက အသစ်တွေရဲ့ နာမည်ကိုလည်း မသိဘူးလေ၊အားလုံးကို စာရေးမနဲ့ဘဲ အပ်ထားတာ ဆိုတော့"
YOU ARE READING
ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)
Romanceအသွင် မတူသည့် ကောင်လေး နှစ်ယောက် အကြောင်း တစေ့တစောင်း။ #Lary