သီတင်းကျွတ်လ လပြည့်ကျော် ၁ရက်နေ့တွင်
ရွာဦး ဘုန်းကြီးကျောင်း၌ မီးထွန်းပွဲတော်ကြီး ကျင်းပလေသည်။ကလေး၊လူကြီး မကျန် အားလုံး မီးထွန်းသည့်လူ ထွန်း၊မီးပုံး လွှတ်
သည့်လူ လွှတ်နှင့် စည်ကား သိုက်မြိုက်၍ နေလေ၏။ကျွန်းက အင်္ကျီ လည်ကတုံး လက်ရှည် အဖြူလေးနှင့် အညိုရောင် ပုဆိုးလေးကို တွဲဖက်၍ ဝတ်ဆင်ထားလေသည်။ယောက်ျား ပီသသော သွင်ပြင်များက ယိုဖိတ်လျှံကြ၍ နေလေ၏။
ကျွန်း ဘုရားသို့ ရောက်ချိန်တွင် ရွာ၏ ပျိုမဒီလေးများက ရစ်သီ၊ရစ်သီနှင့် ကျွန်း၏ အနားတွင် ဝေ့ဝဲနေကြလေသည်။ကျွန်းကတော့
ဖယောင်းတ်ိုင် ထုတ်ကို လက်က ကိုင်ကာ
နွယ်နှောင်း အလာကိုသာ စောင့်မျှော်နေလေ၏။"ဟယ် မလိုက်မဖက်ဟယ် "
ကျွန်း၏ မနီးမဝေးတွင် မီးထွန်းနေသော
ချိုချိုအေး ထံမှ အသံထွက်ပေါ်လာခြင်းပင်။
ကျွန်းလည်း ချိုချိုအေး မျက်စိကျရာ နေရာသို့ လှမ်းကြည့်လိုက်လေသည်။စောင့်မျှော်နေသည့် နွယ်နှောင်းက ရောက်ရှိလာခဲ့လေပြီ။သို့ပေမဲ့ ဘေးနားမှ လိုက်ပါလာသူကြောင့် သူ စိတ်တွေ လေးလံသွားရလေ၏။ထိုသူမှာ ဟိန်းသံလွင်ပင် ဖြစ်၏။ဟိန်းသံလွင်မှာလည်း ကျွန်း နည်းတူ
လည်ကတုံး အင်္ကျီနှင့် ပုဆိုးကို ဝတ်ဆင်လို့ ထားလေသည်။ယောက်ျားဆန်သည့် သွင်ပြင်များကိုတော့ ကျွန်း ကိုယ်တိုင်ပင် ငေးမောရသည် အထိပင်။ကျွန်း သူ့ကိုယ်သူ သတိထားမိသွားသည့် အခါ
ကြက်သီးပင် တဖြန်းဖြန်းထသွားရလေသည်။"ဘာလဲဟ ၊အခု ငါက ဒီအရှည်ကောင်ကို ငေးလိုက်တာလား"
ထို့နောက် ကျွန်းက နွယ်နှောင်းနှင့် ဟိန်းသံလွင်တို့ အနားသို့ လျှောက်သွားလိုက်ပြီး လက်ထဲက ဖယောင်းတိုင် ထုပ်ကို လှုပ်ပြကာ
"နွယ်နှောင်း... ငါတို့ နှစ်ယောက် မီးအတူ ထွန်းရအောင်လေ နော်"
နွယ်နှောင်းက မျက်နှာကို မော်ချီလိုက်ရင်း
"ဘာကိစ္စ နင်နဲ့ အတူ ထွန်းရမှာလဲ၊မထွန်းဘူး"
YOU ARE READING
ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)
Romanceအသွင် မတူသည့် ကောင်လေး နှစ်ယောက် အကြောင်း တစေ့တစောင်း။ #Lary