၆၀၈

2.1K 297 4
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၈)

“ကျေးဇူးတင်ပါတယ်”
ရှန်ယန်ရှောင်အနေနဲ့ ပျော်ရွှင်မှုကြောင့် အသက်မရှူနိုင်တော့သလို ခံစားမိနေလို့ အသက်ပြင်း ပြင်းတစ်ချက် ရှူသွင်းလိုက်ရသည်။
သူမရဲ့ အတိတ်ဘဝမှာ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပါသည်။သူမ ဘယ်အချိန်မှာ မွေးဖွားခဲ့သလဲ မွေးနေ့က ဘယ်နေ့လဲဆိုတာကို မသိခဲ့လို့ အခုလိုမျိုး မကြုံတွေ့မခံစားခဲ့မိရပါဘူး။
ဒါကြောင့် မွေးနေ့မရှိဘဲ နေထိုင်ကြီးပြင်းလာတာကို အသားကျနေခဲ့ကာ ဒီလူတွေက သူမကို ဂရုစိုက်မှုက သူမကိုယ်သူမဂရုစိုက်ခြင်းထက်တောင် ပိုလွန်နေပါပြီ။
အတိတ်မှာဖြစ်စေ ပစ္စုပ္ပန်၌ဖြစ်စေ ဘဝနှစ်ဝမှာ သူမရဲ့ ပထမဆုံးသော မွေးနေ့အား ရှန်ယန်ရှောင် ကြုံတွေ့လိုက်တာလည်းဖြစ်ပါသည်။သူမအတွက်တော့ ဒီအခိုက်အတန့်ဟာ တစ်သက်လုံးမေ့မရနိုင်သော အခိုက်အတန့်လေးတစ်ခုအဖြစ် ဖြစ်တည်သွားခဲ့ပါသည်။
“နင် တန်ဖိုးထားမှရမယ်နော် မဟုတ်ရင် ငါတို့ခိုးလုပ်ထားခဲ့ရတာတွေ အလကားဖြစ်သွား တော့မှာ”
အံ့အားသင့်စရာဖြစ်စေဖို့အတွက် သူတို့အားလုံး အတတ်နိုင်ဆုံး ဖုံးကွယ်ထားခဲ့ကြတာ ဖြစ်သည်။
ပေါ့ပေါ့ဆဆနဲ့ စကားကျွံသွားမှာကို သူတို့ စိုးရိမ်မိခဲ့ကြလို့ တွေ့ရာဆင်ခြေတွေပေးပြီးတော့ ကြောင်တောင်တောင်ဖြစ်ခဲ့တာကိုတောင် ဂရုမစိုက်ခဲ့ပါလေ။ငနာငါးကောင်တို့ကမှ ဆင်ခြေပေးရာမှာ အဆင်ပြေသေးသည်လို့ ပြောလို့ရပြီး ကြေးစားတွေကတော့ ဒီလိုဆင်ခြင်ပေးဖို့ တွေးနေရမယ့်အစား သေသွားတာက ပိုကောင်းမယ်လို့ တွေးမိခဲ့ကြသူတွေ ဖြစ်ပါသည်။
“မြို့တော်သခင် ကျနော်တို့ပြောခဲ့ကြတဲ့ အကြောင်းပြချက်အားလုံးကို မေ့ထားလိုက်ပါနော် ကျနော်တို့လည်း ရွေးစရာမရှိလို့ပါ”
ကြေးစားအချို့က အရမ်းပဲ ရှက်နေကြသည်။ထိုသို့ပြောခဲ့ကြရတုန်းကဆိုရင် ကိုယ့်ဖာသာပဲ သတ်သေပစ်ချင်စိတ်တောင် ဖြစ်ကြရပါသည်။
သူတို့ရဲ့ဦးနှောက်က တော်တော်လေးကိုတိမ်တာကြောင့် ပါးစပ်ကထွက်သမျှ ဆင်ခြေတိုင်းက တုန်းကနဲလဲသေစေနိုင်လောက်ပါသည်။
“ဟုတ်ပါတယ်ဗျ ကျနော်တို့အားလုံး ဘာမှမဖြစ်ကြပါဘူး အကောင်းကြီးရှိပါသေးတယ်”
“ဟုတ်ပါတယ် နောက်ပြီး ကျနော့်မှာလည်း အခုထိ မိန်းမမရှိသေးပါဘူး”
သူတို့တွေရဲ့ ရှင်းပြချက်တွေကို နားထောင်ပြီး သူမ မရယ်ဘဲမနေနိုင်ခဲ့ပါဘူး။စိတ်ထဲမှာ တိတ်တိတ်လေး ပျော်ရွှင်ထိခိုက်နေပါသည်။
တက်သစ်နေမြို့က နတ်ဆိုးနဲ့လူသားအားလုံး ဒီအံ့အားသင့်ဖွယ် အခမ်းအနားအတွက် ပါဝင်ခဲ့ကြတာဖြစ်သည်။ဖေးယွမ်နဲ့လောင်ယုတို့တောင် လူနည်းတယ်ဆိုပြီး ခေါ်ခိုင်းခံရပါ သေးသည်။သူတို့လည်း နတ်ဆိုးတွေနဲ့ အတူနေထိုင်ရတာကို အဆင်ပြေနေပါပြီ။အခု မြေအောက်မြို့တော်မှာ နတ်ဆိုးတွေရှိနေသော်လည်း သူတို့ ဘယ်လိုမှ မခံစားကြရပါလေ။
ဒီမှာမရှိသူတွေကတော့ နေပြည်တော်ကလာတဲ့ နန်းစောင့်တပ်သားတွေပဲဖြစ် သည်။ကြူရှီယာက သူတို့ကို ဆေးခပ်ပြီးတော့ မေ့သွားအောင် လုပ်ထားခဲ့တာဖြစ်ပြီး အခုထိ သူတို့အခန်းတွေမှာ မေ့နေဆဲဖြစ်ကြသည်။
“ငါ့ကို ဒီကောင်တွေဆွဲခေါ်လာတာဟ မင်းသိအောင်လို့ ပြောပြတာနော်...”လို့ လူကြားထဲကနေ ထွက်လာတဲ့ ဇာမဏီကပြောလိုက်သည်။
ငနာငါးကောင်တို့ သူ့ကို ဆွဲခေါ်လာကြတုန်းက မြို့တော်ခန်းမမှာပဲ ရှန်ယန်ရှောင်ကို သူ စောင့်နေခဲ့တာဖြစ်လေသည်။အဲ့တော့မှသာ သူတို့က ရှန်ယန်ရှောင်မွေးနေ့အတွက် ပြင်ဆင်နေကြတာမှန်း သူသိလိုက်တာဖြစ်သည်။ပိုရှက်စရာကောင်းတာကတော့ သူမရဲ့ မှော်သားရဲဖြစ်ပြီးတော့ သခင်ဖြစ်သူရဲ့ မွေးနေ့ကိုတောင် မသိခဲ့ခြင်းပဲဖြစ်သည်။တစ်ကယ့်ကို မျက်နှာပျက်စရာအဖြစ်ပါပဲ။
ရှန်ယန်ရှောင်လည်း ရယ်လိုက်ပြီး ဇာမဏီ့ခေါင်းလေးကို ပွတ်လိုက်သည်။
“မပြီးသေးဘူးနော်”လို့ ကြူရှီယာက ရှန်ယန်ရှောင်ပုခုံးအားပုတ်ကာ လူလုပ်ကောင်းကင်ဆီ လက်နဲ့ထိုးပြလိုက်သည်။
ရှန်ယန်ရှောင်ခေါင်းမော့ကြည့်လိုက်သည်။ဒဏ္ဍာရီသတ္တဝါတွေက ပြင်ဆင်ထားတာ တော်တော်ကြာပြီဖြစ်သလို သူတို့ထဲက တစ်ကောင်က ညကောင်းကင်မှာ မီးလျှံတွေ ထုတ်လွှတ်လိုက်ပြီးနောက်မှာ အမျိုးမျိုးအထွေထွေစုံလင်လှသော အရောင်စုံ မှော်အလင်းတန်းတွေ ထွက်လာပြီး ဝုန်းကနဲ မြည်ဟီးသွားခဲ့သည်။
တဖြတ်ဖြတ်တောက်နေသော မှော်အလင်းတို့က အရောင်စုံမီးပန်းတွေလိုမျိုးဖြစ်နေကာ ကြယ်တွေလည်း တစ်လက်လက်နဲ့တောက်ပနေပါသည်။
“ဒီနေ့က နင့်ရဲ့၁၄နှစ်ပြည့်မွေးနေ့ပဲ ဒီနေ့ကစလို့ ငါတို့အားလုံး နင့်မွေးနေ့တိုင်းကို အတူပါဝင်ဆင်နွဲပေးသွားမှာနော်”လို့ပြောလိုက်ပြီး ကြူရှီယာက ကိုယ်ကိုကိုင်းလိုက်ကာ ရှန်ယန်ရှောင်ရဲ့ ချစ်စဖွယ်မျက်နှာလေးအား နမ်းလိုက်ပါသည်။ကျန်တဲ့ ငနာလေးကောင် လည်း ရှေ့ကိုတိုးလိုက်ကြပြီး တစ်ပါးသူရဲ့ ကိုယ်သင်းနံ့အား မယဉ်မကျေးနဲ့ပဲ တစ်ရှိုက်စီ ရှိုက်လိုက်ကြပါတော့သည်။
“အဲ့ဒါက ငါတို့ကို နင်ပေးတဲ့ ဆုပေါ့ဟာ”လို့ပြောရင်း ရီလိုက်သော ကြူရှီယာရဲ့ အသံက တစ်ကယ့်ကို ယုတ်ယုတ်မာမာအသံကြီးဖြစ်နေပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now