ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၂၆)
“ကျွန်တော်သေသေချာချာစုံစမ်းထားခဲ့တာဖြစ်လို့ ရှန်ဂျူက ဒီရှန်ယန်ရှောင်ပဲဆိုတာ သေချာပါတယ်။မှော်ဆန်းကြယ်မြို့ကို ကျွန်တော်လာခဲ့ရတဲ့အကြောင်းက ပထမအချက်က နယ်စားမင်းရဲ့ဖိတ်ကြားချက်ကြောင့်ဖြစ်ပြီး ဒုတိယအချက်က စွန့်ပစ်နယ်မြေထဲမှာ ကျွန်တော့်ရဲ့ကမ္ဘာမကြေရန်သူတော်ရှိနေလို့ပါပဲ”
လောင်းဖန်ရဲ့မျက်ဝန်းတွေက အမုန်းမီးလျှံတို့ဖြင့် တရှိန်ပြင်းပြင်းတောက်လောင်နေသည်။ အကယ်၍သာ ကျွင်းမိုကကူညီဖို့ရှိနေခဲ့လျှင် သူ့အနေဖြင့် ရပ်ဖို့တောင်မဖြစ်နိုင်လောက်ပါဘူး။ ရှန်ယန်ရှောင်က သူ့စိတ်ဓာတ်ကိုရိုက်ချိုးခဲ့ပြီး တစ်သက်တာလုံး ဆေးရည်မဖော်စပ်နိုင်ရန် လုပ်ဆောင်ခဲ့သည်။အရာရာမှန်သမျှကို ဖျက်စီးပစ်ခဲ့တဲ့အတွက် ရှန်ယန်ရှောင် သေမှဖြစ်မှာပါ။
“လောင်းဖန်ရဲ့အဖြစ်အပျက်က စိတ်မချမ်းမြေ့ဖွယ်အဖြစ်ပါပဲ။ရှန်ယန်ရှောင်က တစ်ကယ့်ကို ကြမ်းကြုတ်လွန်းတယ်။ပြောရမယ်ဆိုရင် သိပ်မကြာသေးခင်ကပဲ မှော်ဆန်းကြယ်မြို့ကို ရှန်ယန်ရှောင်ရောက်လာပြီးတော့ ကျွန်တော့်ကိုရန်စသွားသေးတယ်။ညသန်းခေါင်ကြီးမှာ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ကိုခေါ်လာပြီး မြို့ကိုဝိုင်းထားခဲ့တာလေ။မှော်ဆန်းကြယ်မြို့သူ မြို့သားတွေရှေ့မှာ သူက ဆရာမကြီးစတိုင်ဖမ်းပြီးတော့ တက်သစ်နေမြို့တော် တည်ဆောက်နေတုန်းမှာ ကျွန်တော်ကဘာပြဿနာမှမရှာဖို့ ခြိမ်းခြောက်သွားခဲ့တာ”
ကန်းတီက ရှန်ယန်ရှောင်အပေါ်မှာ သူဘာလုပ်ခဲ့သလဲဆိုတာတွေကို ထည့်မပြောဘဲ လောင်းဖန်နဲ့သူ့အခြေအနေတို့က ပုံစံတူသယောင်ယောင်ဖြစ်စေလိုက်သည်။
“ဟင့် အဲ့မသာမလေးက တစ်စက်လေးတောင်မပြောင်းသေးဘူး တစ်ကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်”လို့ပြောလိုက်သူက တစ်ချိန်လုံးတိတ်နေခဲ့သော ပူလီစီပဲဖြစ်သည်။
“သမားတော်ကြီးပူလီစီလည်း ရှန်ယန်ရှောင်ကိုသိသလား”လို့ ကန်းတီကမေးလိုက်သည်။
ВЫ ЧИТАЕТЕ
ကောင်းကျိုးမပေးသော သမီးပျို Part 4 ကောင်းကျိုးမပေးသော သမီးပျို Part 4
Фэнтезиရှန်ယန်ရှောင် Part 4 ရှန်ယန်ရှောင် Part 4