၆၀၇

2.1K 283 0
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၇)

ရှန်ယန်ရှောင် ခဏတာခန့် ကြောင်အမ်းအမ်းဖြစ်သွားပါလေသည်။
“ပျော်ရွှင်စရာမွေးနေ့ပါ မြို့တော်သခင်”
မရေမတွက်နိုင်သော လူရိပ်တို့ အမှောင်ထုထဲကနေ ထွက်လာကြပြီး သူတို့ကိုယ်စီရဲ့ လက်ထဲမှာတော့ မီးလင်းကျောက်တွေကို ကိုင်ထားကြပါသည်။
မှောင်မည်းနေသော မြေအောက်မြို့တော်ထဲမှာ သူတို့လက်ထဲရှိ မီးလင်းကျောက်တွေက ကြွေကျလာသော ကြယ်တွေအလားဖြစ်နေပါသည်။
တန်နာဇီ၊ ယန်ယု၊ ယန်းရှီနဲ့ လီရှောင်ဝေတို့က လူအုပ်ရဲ့အရှေ့မှာ ရှိနေကြတာပါ။သူတို့ ကိုင်ထားတဲ့ မီးလင်းကျောက်တွေက မျက်စိကျိန်းလောက်အောင် တောက်ပနေပါသည်။သူတို့က ရှန်ယန်ရှောင်ဆီ သွားလိုက်ကြပြီး လက်ထဲရှိ မီးလင်းကျောက်တို့ကို လှုပ်ယမ်းလိုက်ကြသည်။
မီးလင်းကျောက်တွေက သူမအနားမှာ ဖြန့်ကျဲသွားပြီး နဂါးငွေ့တန်းဂလက်ဆီတစ်ခုကို ကြည့်နေရသလို လှပလှပါသည်။
“နင်တို့ကောင်တွေ...”
ရှန်ယန်ရှောင် တုန်လှုပ်စွာ ပျော်ရွှင်ကြည်နူးခဲ့မိသည်။ဒီလိုမြင်ကွင်းမျိုးအား မြင်တွေ့ခွင့် ရလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။
“ဝေး ငပိန်းလေး နင်က နင့်မွေးနေ့ကိုတောင် မေ့နေတာပဲ။ငါတို့တွေသာ မမှတ်မိရင် နင့်ရဲ့ ဆယ့်လေးနှစ်ပြည့်မွေးနေ့ပွဲကိုတောင် လုပ်ဖြစ်မှာမဟုတ်ဘူးနော်”လို့ပြောရင်း တန်နာဇီက ရှန်ယန်ရှောင်၏ ခေါင်းအားပွတ်လိုက်ပါသည်။
“ဒါကို ဘယ်လိုလုပ်ထားတာလဲ”
မြေအောက်မြို့တော်အား ပိုမိုလှပနေစေတဲ့ မိုးလုံးပြည့်ကြယ်တွေအား မော့ကြည့်ပြီးတော့ သူမ မေးလိုက်သည်။
“ဒါတွေက မီးလင်းကျောက်တွေချည်းပဲ ဒါပေမယ့် ယန်းရှီကိုယ်တိုင် ဖန်တီးထားခဲ့တာ လေ။အလင်းက တစ်ဖျတ်ဖျတ်တစ်လက်လက်နဲ့တောက်ပပေမယ့် အလင်းအားက အဝေးကြီးမ ရောက်တော့ အခုလိုတွေ့ရတာပေါ့ဟာ”ဟူ၍ ယန်ယုကတစ်ချက် ရယ်လိုက်ပြီးမှ ရှန်ယန်ရှောင် မေးတာကို ဖြေလိုက်သည်။
မီးလင်းကျောက်တို့ရဲ့ အလင်းအားကို ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲလှသော အလုပ်တစ်ခုဖြစ်သည်။ သူတို့ရဲ့ ခေါင်းပေါ်ရှိ တလက်လက်တောက်ပနေတဲ့ သောင်းချီပြီးရှိသော မီးလင်းကျောက်တို့ကို ကြည့်ပြီး ဒါကြောင့်ကိုးဟု သူမ မှတ်ယူလိုက်သည်။ဒီကျောက်တွေသာ ပုံမှန်အတိုင်းဆိုရင် မြေအောက်မြို့တော်တစ်ခုလုံး နေ့ခင်းအလား ထိန်လင်းနေမှာဖြစ်ပါသည်။ဒါပေမယ့် ယန်းရှီရဲ့ လက်စွမ်းအရ မီးလင်းကျောက်ကနေ ထုတ်လွှင့်သော အလင်းရောင်တောင် တစ်ဖျတ်ဖျတ်နဲ့ စွဲငြိဖွယ်ကောင်းလှစွာ ထွန်းလင်းနေခဲ့သလို ဘေးပတ်လည်ကိုလည်း အလင်းအများကြီး မရှိစေခဲ့ပါဘူး။
သူမအတွက် ပြုလုပ်ဖန်တီးပေးထားကြတဲ့ မိုးလုံးပြည့်ကြယ်စင်တွေအတွက် သူတို့တွေ ဘယ်လောက်တောင် ဝါယမစိုက်ထုတ်ခဲ့ကြသလဲဆိုတာကို သူမလည်း မသိပါဘူး။သူမ သိလိုက်ရတာကတော့ ဒီရက်ပိုင်းအတွင်းမှာ တစ်မြို့လုံးကလူတွေ သူမကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြရတဲ့ အကြောင်းရင်းကိုပါ။သူမရဲ့ မွေးနေ့လေးအတွက် သူတို့အားလုံးက ဒီလောက်တောင် လျှို့လျှို့ဝှက်ဝှက်နဲ့ ပြင်ဆင်ပေးခဲ့ကြတာတဲ့လေ...
သူတို့အားလုံးဟာ နေ့ခင်းအချိန်မှာ မြို့တော်တည်ဆောက်ရေးအတွက် အလုပ်တွေ အရမ်းရှုပ်နေခဲ့ကြတာတောင်မှ အားလပ်ချိန်လေးနည်းနည်းသာရတဲ့ ညနေခင်းပိုင်းမှာ မြေအောက်မြို့တော်တစ်ခုလုံးရဲ့ အပေါ်မှာ ချိတ်ဆွဲထားနိုင်ခဲ့တဲ့ မီးလင်းကျောက်နဲ့ ပြုလုပ်ထားသော ကြယ်စင်ပေါင်းသောင်းနဲ့ချီရှိတဲ့ အရေအတွက်ကို ဖန်တီးပေးခဲ့ကြတာပါ။
ရှန်ယန်ရှောင်၏ နှလုံးသားတစ်ခုလုံး ရင်ခွင်တစ်ပြင်လုံး တစ်ကိုယ်လုံး နွေးထွေးသွားခဲ့မှုကို ဖော်ပြဖို့ စကားလုံးတောင် မရှာတွေ့ခဲ့မိခြင်းအပေါ်မှာ အပြစ်ဆိုစရာတော့ မရှိတော့ပါလေ...
ဒီရက်တွေထဲမှာ သူတို့အတွက် အနားယူချိန် မရှိခဲ့တာတော့ အသေအချာပါပဲလေ။သူတို့တွေ ဘယ်လောက်ပဲ ပင်ပန်းခဲ့ကြသည်ဖြစ်စေ သူမအတွက်ဆိုပြီး ဒီမြင်ကွင်းဒီရှုခင်းမျိုးအား ဖန်တီးပြုလုပ်ပေးခဲ့ကြတာတဲ့လား...

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Tempat cerita menjadi hidup. Temukan sekarang