၆၂၅

1.8K 228 0
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၂၅)

သမားတော်ကြီးနှစ်ဦးရောက်ရှိလာခဲ့လို့ ကန်းတီ အလွန့်အလွန်ကိုပဲ စိတ်လှုပ်ရှားနေပါသည်။ သူ့ဖခင်ဟာ နယ်စားမင်းကြီးတစ်ဦးဖြစ်ပေမယ့် သူ့အနေနဲ့ အဆင့်မြင့်သမားတော်တွေကိုသာ ခေါ်နိုင်ပင့်နိုင်စေလွှတ်နိုင်တာဖြစ်သည်။သမားတော်ကြီးတွေအား ပင့်ဖိတ်နိုင်ဖို့ကိုတော့ တွေးတောင်မတွေးဝံ့ကြပါလေ။သို့သော်လည်း အခုအခါမှာတော့ နာမည်ကျော်ကြားလှတဲ့ သမားတော်ကြီးနှစ်ဦး ကြွရောက်လာပြီဖြစ်လို့ ကန်းတီအနေနဲ့ မပျော်ဘဲဘယ်နေပါ့မလဲ...

“ကျေးဇူးပြုပြီးတော့ ဧည့်သည်လေးဦိးတို့ ထိုင်ပေးကြပါဦး”လို့ ကန်းတီက အရမ်းယဉ်ကျေးစွာ ပြောလိုက်သည်။သူ့တပည့်တွေကိုလည်း အကောင်းဆုံးရေနွေးကြမ်းကို ယူလာကြဖို့အတွက် အမိန့်ပေးလိုက်သည်။

“မြို့ပိုင်ကြီးခင်ဗျာ ကျွန်တော်တို့ကို နယ်စားမင်းကြီးကနေ မှော်ဆန်းကြယ်မြို့ကို လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် အရမ်းပဲဂုဏ်ယူမိပါတယ်။ဒါပေမယ့် မြို့ပိုင်ကြီးကို တိုင်ပင်စရာလေး တစ်ခုရှိပြီး မြို့ပိုင်ကြီးအနေနဲ့လည်း မှန်မှန်ကန်ကန်လေး ပြောဆိုပေးဖို့ ကျွန်တော်မျှော်လင့်ပါတယ်"လို့ လောင်းဖန်ကပြောလိုက်သည်။

(မြို့တော်သခင်အား မြို့ပိုင်ကြီး သို့ မြို့ရှင်ကြီး သို့ မြို့စားကြီးစသည်ဖြင့် အလျဉ်းသင့်သလို သုံးသွားမှာဖြစ်သည်)

“အားနာစရာမလိုပါဘူး မေးစရာရှိတာ ပြောစရာရှိတာတွေ ပွင့်ပွင့်လင်းလင်း ပြောနိုင် မေးနိုင်ပါတယ် ကျွန်တော့်ဖက်က ဘာကိုမှဖုံးကွယ်မထားဘဲနဲ့ အမှန်အတိုင်းပြောသွားမှာပါ”

သမားတော်ကြီးတစ်ဦးကို သိမ်းသွင်းနိုင်ဖို့ဆိုတာ ဘယ်လောက်အထိခက်ခဲမှန်းကို ကန်းတီ သဘောပေါက်သည်။စွန့်ပစ်နယ်မြေအတွင်းမှာ သူနယ်မြေပိုင်ဆိုင်ခွင့်ရကာစ ကာလတုန်းက သူ့ဖခင်အနေနဲ့ သူ့ကိုအစွမ်းကုန်ထောက်ပံ့ပေးနိုင်ဖို့အတွက် လူတော်လူချွန်တို့အား ငှားရမ်းနိုင်ရန်အလို့ငှာ ငွေကြေးများစွာသုံးစွဲပစ်ဖို့ ဝန်မလေးခဲ့ပါ ဆရာကျွင်းမိုဟာလည်း သူ့ဖခင်၏ စာရင်းထဲမှာ အပါအဝင်ဖြစ်ပေမယ့် ကံမကောင်းတာကတော့ သူပေးခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေက တန်ဖိုးမည်မျှပင်ကြိးသည်ဖြစ်စေ သူပေးတဲ့ကတိစကားတွေက မည်မျှပင်မက်မောဖို့ကောင်းပါစေ ကျွင်းမိုအနေနဲ့ တစ်စက်ကလေးတောင် တိမ်းညွှတ်မှု မရှိခဲ့ပါလေ။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4حيث تعيش القصص. اكتشف الآن