၆၁၆

2K 254 3
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၆)

“ကျောင်းအုပ်ကြီးက စိတ်ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် ကျွန်မ အဆင်ပြေပါတယ်”လို့ ခေါင်းငုံ့ကာ ရှန်ယန်ရှောင်ပြောလိုက်သည်။
အိုးယန်ဟွမ်းယူရဲ့ စကားတွေမှာရော အမူအယာမှာပါ ဘာအနာအဆာမှ ရှာမတွေ့ပါဘူး။ထို ညကသာ သူမ ခိုးနားမထောင်ခဲ့မိလျှင်တော့ အိုးယန်ဟွမ်းယူအား သူမ ယုံပြီးလောက်ပါပြီ။
ဒါပေမဲ့ အခုသူမတွေးမိတာကတော့ အိုးယန်ဟွမ်းယူက ကြောက်ဖို့ကောင်းလှပါလား ဆိုသည်ပဲဖြစ်သည်။သူက ဟန်ဆောင်ပန်ဆောင်နဲ့ ဂရုစိုက်ပြနေတာဖြစ်ပေမယ့် သူ တစ်ကယ့်စိတ်ရင်းနဲ့ပြောတာလား စကားအဖြစ်ပြောနေတာလားဆိုတာကို ခွဲခြားလို့ မဖြစ်နိုင်သလောက်ပါပဲ သူက တစ်ကယ့်ကို အန္တရာယ်ကြီးသူပါ။
ဒီလိုလူစားမျိုးဟာ လူတွေရဲ့စိတ်နှလုံးအား စကားတွေနဲ့လှည့်ပတ် သိမ်းသွင်းနိုင်ပြီး သတိမပြုမိပါက ထိုလူ၏ လက်အောက်က ကျားတစ်ကောင်ကဲ့သို့ ရွှေ့လို့ရာရွှေ့ခံလိုက်ရမှာ ဖြစ်ပါသည်။
“အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူးလေ ငါနဲ့မင်းနဲ့ မရင်းနှီးတာကိုတော့ ငါသိပါတယ်။ ကျောင်းတုန်းကလည်း မင်းနဲ့ငါနဲ့ တွေ့ဖူးချင်မှတောင် တွေ့ဖူးကြမှာပါ။ငါ့ကို ဟန်ဆောင်ပန် ဆောင်တွေ လုပ်ပြနေတာလို့ မင်းမြင်ချင်မြင်လိမ့်မယ် ဒါပေမဲ့ မင်းဘယ်သူဖြစ်လို့လည်း မဟုတ်သလို မင်းရဲ့ဂုဏ်ပုဒ်တွေကြောင့်လည်း မဟုတ်ဘဲ တော်ဝင်ရိုလန်ကျောင်းက လာတဲ့သူဖြစ်တာကြောင့် အခုလို ဂရုစိုက်ပေးတာပါ။ငါ့အနေနဲ့ မင်းကို အရင်တုန်းက တစ်ခါမှ မမြင်တွေ့ခဲ့ဘူးရင်တောင် တော်ဝင်ရိုလန်ကျောင်းတံဆိပ်ကို မင်းဝတ်ဆင်ခဲ့ဖူးတော့ ကျောင်းရဲ့တစ်စိတ်တစ်ပိုင်းလို့ ဆိုနိုင်တာကြောင့် တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်တဲ့ ငါ့အနေနဲ့ ငါ့ကလေးတွေ မှားယွင်းစွာခံစားနေရမှာကို မမြင်ချင်တာ ထုံးစံပဲလေ”လို့ အိုးယန်ဟွမ်းယူကပြောလိုက်ရင်း သက်ပြင်းချလိုက်ကာ ဘာမှထပ်မပြောတော့ပါဘူး။သူ့စကားတွေက ရင်ထဲကို လှုပ်ရမ်းသွားနိုင်စွမ်းရှိသည်လို့ ဆိုနိုင်ပါသည်။
အခုလို ညီညွတ်မှုမျိုးကို မည်သူက မလိုချင်ဘဲရှိမည်လဲ သူတို့ ကျောင်းကနေ ထွက်ခဲ့ပြီးတာတောင်မှ အသိအမှတ်ပြုခံနေရသေးသည်လေ။သူ့ရည်ရွယ်ချက်က သန့်စင် သည်လို့ မြင်နိုင်ပေမယ့် တစ်ကယ့်တစ်ကယ် ခပ်နက်နက်လေး ကြည့်လိုက်ပါက သိမ်းသွင်းမှုတစ်မျိုးလို့ ဆိုလို့ရပါသည်။
အိုးယန်ဟွမ်းယူရဲ့ ရည်ရွယ်ချက်အား ရှန်ယန်ရှောင် သိတာပေါ့။
သူမရဲ့ ခပ်စိမ်းစိမ်းနေမှုကို ရိပ်မိထားတဲ့ အိုးယန်ဟွမ်းယူက သူတို့နှစ်ဦးကြားက ရင်းနှီးမှုအား ချက်ခြင်းကြီးနီးကပ်သွားအောင် အတင်းကာရောမလုပ်ခဲ့ဘဲ ထိုးမည့်ဆင် နောက်တစ်လှမ်း ဆုတ် ဆိုသကဲ့သို့ သူမအား တစ်ခြားကျောင်းသားတွေနှင့်အတူ ရောနှောပြောဆိုလိုက်ပြီး သူမရဲ့ သံသယတို့ တစ်ဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားတဲ့အချိန်မှသာ ငါးစာချမှာ ဖြစ်ပါသည်။
ရှန်ယန်ရှောင် မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်သည်။ထိုစဉ်တုန်းက ယန်းချီဟာ အိုးယန် ဟွမ်းယူဆီ သွားခဲ့ရတဲ့ အကြောင်းရင်းအား သူမ နားလည်လိုက်ပါပြီ။အိုးယန်ဟွမ်းယူလို လူစားမျိုးတွေကို သူမရဲ့ အတိတ်ဘဝမှာတုန်းက တွေ့ကြုံခဲ့ဖူးပြီးဖြစ်သည်။သူ တစ်ခုခုကို ကြံစည်နေသည်လားဆိုတာကို မည်သူမျှ မပြောနိုင်ပါ။
“ကျောင်းအုပ်ကြီးအနေနဲ့ အရမ်းစိုးရိမ်ပေးဖို့ မလိုပါဘူးရှင်”
ဒီအချိန်မှာ မတွေးတောဘဲ ပြောလိုက်လို့ မဖြစ်တဲ့အကြောင်း သူမ ကောင်းကောင်းကြီး သဘောပေါက်ထားပါသည်။အိုးယန်ဟွမ်းယူရဲ့ ကြံစည်မှုတို့က အရမ်းနက်နဲလွန်းလို့ နည်းနည်းလေး သတိပေါ့လိုက်တာနဲ့ စကားဝိုင်းက ထူးဆန်းစွာနဲ့ ပြောင်းလဲသွားတော့မှာ ဖြစ်ပါသည်။
“အာ မင်းက တော်ဝင်ရိုလန်ကျောင်းထွက်လေ ငါက ဘာလို့ စိတ်မပူရမှာတုန်း။စွန့်ပစ်နယ်မှာ မင်းလိုအပ်တာရှိရင် ငါ့ကိုပြောပါ တတ်နိုင်သလောက် ကူညီပေးမှာပေါ့”
အိုးယန်ဟွမ်းယူမျက်နှာက ဘာမှပြောင်းလဲမှု မရှိသော်လည်း သူ့ရင်ထဲမှာတော့ ဆန်းပြားစွာ ခံစားနေရပါသည်။ရှန်ယန်ရှောင်ရဲ့ စိတ်နှလုံးက အရမ်းတည်ငြိမ်နေလေသည်။သူ့ဖက်က ဒီလောက်စိတ်အားထက်သန်စွာ ပြောဆိုနေပေမယ့် ကောင်မလေးက ကျေးဇူးတင်ဟန် ရှိမနေပါဘူး။
“ဆင့်ခေါ်သူပညာရပ်က လွယ်ကူလှတဲ့ ပညာရပ်မဟုတ်ဘူး။လင်းလက်တိုက်ရဲ့ ဆင့်ခေါ်သူ တွေဟာ ဝိုင်းဝန်းဖိနှိပ်မှုဒဏ်ကို အလူးအလဲခံစားခဲ့ရပြီး အဲ့ဒီဆင့်ခေါ်သူတွေထဲက အတော် များများဟာ အပြစ်မရှိသူတွေပဲ။ကံကောင်းထောက်မလို့သာ တစ်ချို့တစ်လေက ထွက်ပြေး လွတ်မြောက်ခဲ့ကြတာ ဒါပေမဲ့ ကံမကောင်းတာတစ်ခုကတော့ ဒီနေ့လင်းလက်တိုက်ရဲ့ အခြေအနေအရ သူတို့ရဲ့ဇစ်မြစ်တွေကို လူတွေရှေ့မှာ အခုထိ ထုတ်ဖော်ပြောလို့ မရသေး တဲ့ကိစ္စပဲ”လို့ပြောလိုက်သော အိုးယန်ဟွမ်းယူရဲ့ မျက်နှာဟာ နှမြောတသဟန် ဖြစ်နေသည်။
“အခုဆို မင်းက လှိုင်းထန်လေအကြီးဆုံးအချိန်မှာ ထွက်ရပ်ပြလိုက်တော့ မင်းအပေါ်မှာရှိတဲ့ ဖိအားတွေက သေးမှာမဟုတ်ဘူး။အရိပ်ထဲမှာ ပုန်းလျှိုးနေကြရတဲ့ ဆင့်ခေါ်သူတွေကတော့ မင်းအတွက် အရမ်းဂုဏ်ယူနေကြမှာ သေချာတယ်။အဲ့ဒီ ကရုဏာသက်ဖို့ကောင်းသူတွေကို မိုးကောင်းကင်အောက်ကို မင်းသာပြန်ခေါ်လာနိုင်ရင်တော့ တစ်ကယ့်ကို အံ့ဩဖွယ်အဖြစ် ဖြစ်လာမှာပဲ”

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now