အပိုင်း ၁

2.7K 43 3
                                    

#Unicode

ကျွီ.......

"ကဲရောက်ပြီ သားတို့ဆင်းကြတော့"

Gulf တစ်ယောက် သူ့အဖေကားရပ်လိုက်တဲ့ရှေ့က အိမ်ကြီးကို ငေးကြည့်နေမိတယ် အိမ်ကြီးက တကယ်အကြီးကြီးပဲ ခြံကြီးကလဲအကျယ်ကြီး  ခြံထဲမှာလဲပန်းပင်တွေကိုစုံလို့

Gulfတို့ ချင်းမိုင်မှာတုန်းကနေခဲ့တဲ့အိမ်လေးကလဲမသေးပေမယ့် ဒီအိမ်ကြီးကိုတော့မမှီပေ

"သား ဆင်းလေ "

Gulf လဲအိမ်ကြီးကိုငေးကြည့်နေတုန်းသူ့အမေပြောသံကြားမှ ကားပေါ်ကဆင်းလိုက်တယ်

Gulfတို့မိသားစုမှာ Gulf ရယ် ဖေဖေရယ် မေမေရယ် စုစုပေါင်းသုံးယောက်ရှိ
တယ် Gulf တို့မိသားစုက ခုမှဘန်ကောက်ကိုပြောင်းလာကြတာ Gulfဖေဖေက ဘန်ကောက်ဇာတိပေမယ့် ဖေဖေ့ဘက်က ဖိုးဖိုးက မေမေနဲ့သဘောမတူလို့တဲ့ Gulf​ေဖဖေက မေမေ့ဇာတိဖြစ်တဲ့ချင်းမိုင်မှာသာလိုက ်နေခဲ့ခြင်း တစ်ခါတစ်လေတော့ ဘန်ကောက်ကို Gulf ဖေဖေက အလုပ်ကိစ္စနဲ့ ရောက်လာတတ်ပေမယ့် Gulf ကတော့တစ်ခါမှ လိုက်မလာဖူးပါ ခုလဲဖိုးဖိုးကြီးနဲ့ ဖွားဖွားကြီးတို့က ဖုန်းဆက်ခေါ်လို့သာရောက်လာကြတာ

Gulfတစ်ခါမှဖိုးဖိုးဖွားဖွားတို့ကိုမမြင်ဖူးပေ မေမေ့ဘက်က ဖိုးဖိုးနဲ့ဖွားဖွားကလဲ မရှိကြတော့သလို ဖေဖေ့ဘက်ကဖိုးဖိုးနဲ့ဖွားဖွားဆိုတာလဲ အခုမှကြားဖူးခြင်းဖြစ်သည်

Gulf တစ်ယောက် အိမ်ကြီးကိုငေးရင်းသူ့မေမေလက်ကိုဆွဲကာ အိမ်ထဲရောက်လာတယ်

"လာလာထိုင်ကြသားတို့ မြေးလေးလာ"

Gulf ကြည့်လိုက်တော့ အသက်ကြီးကြီးဖွားဖွားကြီးက ဧည့်ခန်းထဲကနေ ရီရီမောမော​ြကိုဆိုတယ် အဲ့ဖွားဖွားကြီးဘေးမှာတော့ မျက်နှာတည်တည်ကြီးနဲ့ဖိုးဖိုးကြီးတစ်ယောက်ထိုင်နေတယ် Gulf တို့ကိုတစ်ချက်သာလှည့်ကြည့်လာပြီး ချက်ချင်းအကြည့်ပြန်လွှဲသွားတယ်

Gulfတို့ထိုင်ပြီးခနနေတော့အဲမျက်နှာတည်တည်နဲ့ဖိုးဖိုးကြီးက

"ကဲ​ေရာက်လာပြီဆိုတော့ လိုရင်းကိုပဲပြောကြတာပေါ့ "

"အို ရှင်ကလဲကလေးတွေကခုမှရောက်တာကို"

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now