#Unicode
"စိတ်ပူစရာမရှိတော့ပါဘူး စိတ်ဖိစီးမှုများသွားတာရယ် အားနည်းသွားတာရယ်ကြောင့်ပါ ခနနေရင်သတိရလာပါလိမ့်မယ်"
"ဟုတ် ကျေးဇူးတင်ပါတယ်ဒေါက်တာ ခုနကကူညီပေးတဲ့ကိစ္စတွေအတွက်ရော အကုန်လုံးအတွက်ပါ ဒေါက်တာ"
"မလိုပါဘူးဗျာ ရပါတယ် ဒါဆိုကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး"
"ကောင်းပါပြီ ဒေါက်တာ
Champ ဒေါက်တာကိုပြန်ပို့ပေးလိုက်ပါဦး""အေးအေး"
ပြောပြီး Champ နဲ့ဒေါက်တာလဲထွက်သွားတော့သည်
"Mew ငါလဲအဖွားတို့ကိုလိုက်ပို့ပေးလိုက်ဦးမယ်"
"အေးအေး သြော် ငါပြောထားတာတွေလဲလုပ်လိုက်ဦးနော်"
"အေးပါကွာ စိတ်ချပါ မင်းက Gulf လေးကိုပဲဂရုစိုက်ပေးလိုက်ဦး ငါသွားတော့မယ်"
"အေး ကျေးဇူးပဲသူငယ်ချင်း နောက်မှတွေ့မယ်"
Kao ထွက်သွားတော့မှ Mew လဲ Gulf လေးဘေးနားမှာဝင်ထိုင်လိုက်တော့သည်
လက်လေးတစ်ဖက်ကိုဆွဲယူကာ ပါးလေးမှာအပ်ထားလိုက်ရင်း မျက်နှာလေးကိုထိုင်ကြည့်နေမိသည်(အများကြီးပင်ပန်းသွားရပြီ ကလေးငယ်)
ခနနေတော့ လှုပ်လှုပ်ရှားရှားလေးဖြစ်လာကာ မျက်လုံးလေးပွင့်လာတော့သည်
"ကိုကို"
"ဗျ"
Gulf က သူ့ကိုခေါ်ရင်း ထထိုင်ဖို့ပြင်လိုက်တာမို့ Mew လဲကျောဘက်ကိုခေါင်းအုံးလေးခုပေးကာ ထိုင်ဖို့အဆင်ပြေအောင်လုပ်ပေးလိုက်သည်
ပြီးတော့ ကုတင်ပေါ်မှာမျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး Gulf ရဲ့လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ထားမိသည်"ကိုကို Gulf တောင်းပန်ပါတယ်နော် ကိုကို့ ကိုမယုံခဲ့လို့ ဟင့်"
ပြောရင်း ဝမ်းနည်းလာကာ မျက်ရည်ကျလာပြန်တဲ့ ကလေးလေး
"ဘာလို့လဲ Gulf လေးရဲ့ Gulf လေးကအမှားလုပ်ထားတာမှမဟုတ်တာ တောင်းပန်စရာမလိုဘူးလေ"
"မဟုတ်ဘူးလေ အမှန်ဆို ကိုကို့ ကိုယုံခဲ့ရမှာ ခု Gulf က ကိုကို့ကို မယုံခဲ့မိဘူး"
![](https://img.wattpad.com/cover/290559147-288-k236842.jpg)
YOU ARE READING
ကံကြမ္မာရဲ့ စေညွှန်ရာ
Fanfictionအချစ်တွေကအဆုံးမဲ့တယ် မင်းနဲ့တွေ့ဖို့ဖန်တီးပေးလိုက်တဲ့ ကံကြမ္မာကိုသိပ်ကျေးဇူးတင်မိတယ်