☀️🌻💖

238 12 1
                                    

#Unicode

(ကို့နာမည်က သဲတစ်ပွင့်မို့ ကိုယ့်ကိုကိုယ် တစ်လို့သုံးပါမယ်နော်😁)

ပထမဦးဆုံးပြောချင်တာက ဒီ fic လေးက တစ် အတွက်ပထမဆုံး fanfic လေးပါ
ပထမဆုံး fanfic ဆိုလို့ အရင်က oc တွေများရေးဖူးလားလို့မထင်လိုက်ပါနဲ့ ဘောပင်နဲ့စာရွက်ထဲမှာရေးဖူးတဲ့ တစ်ပုဒ်တည်းသော fic လေးကို ကျောင်းကသူငယ်ချင်းတွေကိုပဲ ဖတ်ကြည့်ခိုင်းဖူးတာပါ😁

ဒါပေမယ့်ခု waanjai တစ်ယောက်ဖြစ်လာပြီးတော့မှ ကလေးနှစ်ယောက်ရဲ့အချစ်တွေကို စာလေးတွေနဲ့သီကုန်းရေးချင်ခဲ့တာမို့ ဒီ fic လေးကိုစရေးဖြစ်ခဲ့တာပါ

တစ် အတွက်ပထမဆုံးအရေးအသားဖြစ်သလို ကွန့်မြူးနိုင်တဲ့ဉာဏ်ကလဲသိပ်မရှိတာမို့ အများကြီးမျှော်လင့်မထားခဲ့ပါဘူး
ဒီအတိုင်း ချစ်ရတဲ့လူသားလေးနှစ်ယောက်ကြားကမမြင်ရတဲ့ ခံစားချက်တွေ
သံယောဇဥ်တွေ နှောင်ကြိုးတွေကို မျက်စိနဲ့မြင်ရတဲ့ စကားလုံးလေးတွေအဖြစ်ပုံဖော်ချင်ခဲ့ရုံပါပဲ
ဒီစိတ်လေးတစ်ခုနဲ့ပဲ fic လေးကိုစတင်ဖြစ်ခဲ့တာပါ
ဒါပေမယ့် ဒီ fic ​ေလးစရေးတဲ့အချိန်ကစပြီး မထင်ထားလောက်အောင်အများကြီးအားပေးခဲ့ကြတယ် ချစ်ပေးခဲ့ကြတယ်
တစ်ချို့ ဇာတ်လမ်းသိပ်နားမလည်လို့ အားမလိုအားရဖြစ်လို့ဆိုပြီး fb cb မှာလာမေးတာအထိရှိခဲ့ကြပါတယ် တစ်ချို့ကလာမေးပေမယ့်စိတ်ဆိုးမှာလဲကြောက်ကြသေးတာ

ဒါပေမယ့် တစ် လုံးဝစိတ်မဆိုးပါဘူး
ဇာတ်လမ်းတစ်ခုကို လိုအပ်တာတွေထောက်ပြဖို့ ဝေဖန်ဖို့ သိချင်စိတ်နဲ့လာမေးဖို့ဆိုတာ အဲ့ fic ကို လေးလေးနက်နက်နဲ့စိတ်ဝင်တစားဖတ်မှဖြစ်နိုင်တာလို့ တစ် ခံယူထားလို့ပါ
ကောင်းစေချင်တဲ့စိတ်လေးတွေ နဲ့ လာပြောတာဆို တစ် ကအကုန်လက်ခံပါတယ်

wp မှာ Vote ပေးခဲ့ကြသူလေးတွေ ကောမန့်ရေးသူလေးတွေ reading list ထဲထည့်ပေးသူလေးတွေနဲ့ silent readers လေးတွေကိုလဲ ပြောမပြတတ်အောင်ကျေးဇူးတင်ရသလိုချစ်လဲချစ်ရပါတယ်

တစ်ချို့ fb မှာဆို အားပေးစကားလေးတွေ ဇာတ်လမ်းထဲကဇာတ်ကောင်လေးတွေနဲ့အတူလိုက်ပြီး ကြည်နူးလိုက် ဝမ်းနည်းလိုက် စိတ်ဆိုးလိုက်နဲ့ပြောခဲ့ကြတဲ့စကားလေးတွေက တစ် အတွက်အများကြီးအားဖြစ်စေခဲ့ပါတယ်
အဲ့တာကြောင့် မပြေမပြစ်မကောင်းမကန်းအရေးအသားလေးကို သေချာလိုက်ဖတ်ပြီး အားပေးခဲ့ကြတဲ့သူတွေကို တစ် အလေးအနက်ကျေးဇူးတင်ပါတယ်
အများကြီးအများကြီးလဲ ချစ်ပါတယ်💖💖

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now