အပိုင်း ၁၈

729 16 0
                                    

#Unicode

နံနက်ခင်းရဲ့နေရောင်ခြည်က အခန်းထဲကိုဝင်ရောက်လာတော့ Mew အိပ်မက်ထဲကနေနိုးလာခဲ့ရသည်
ရင်ခွင်ထဲကိုငုံ့ကြည့်လိုက်တော့ သူ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားရင်း  အိပ်မက်ကမ္ဘာထဲမှာပျော်မွေ့နေဆဲဖြစ်တဲ့ကလေးငယ်
နဖူးလေးကိုအသာနမ်းရှိုက်ရင်း စောင်လေးကိုအသာပြန်ခြုံပေးလိုက်ကာ Mew ကတော့ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်

Mew ရေချိုးခန်းထဲကပြန်ထွက်လာတဲ့အထိ Gulf လေးကမနိုးသေး မျက်နှာလေးကို ခနမော်ဖူးကာ နိုးသွားမှာစိုးတာနဲ့ပါးလေးနဲ့နှုတ်ခမ်းလေးကိုသာ အသာနမ်းရင်း ထမင်းစားခန်းဆီဆင်းလာခဲ့လိုက်တော့သည်

"အစ်ကိုလေး နိုးလာပြီလား ကျွန်မမနက်စာပြင်လိုက်ရတော့မလား"

"ရတယ်အဒေါ်  မနက်စာကိုကျွန်တော်ပြင်လိုက်မယ် အဒေါ်တို့နားလိုက်တော့ ပြီးတော့ ပန်းခင်းထဲကအလုပ်သမားတွေကိုလဲဒီနေ့နားခိုင်းလိုက်နော်  ကျွန်တော် ဒီနေ့ Gulf လေးနဲ့ နှစ်ယောက်တည်းနေချင်လို့ ညနေလောက် တော့ကျွန်တော်တို့ပြန်ဖြစ်မယ် အဲ့ကျမှ သန့်ရှင်းရေးဘာညာလုပ်ဖို့ပြန်လာခဲ့လိုက်တော့နော်"

"ဟုတ်ကဲ့အစ်ကိုလေး ကျွန်မအလုပ်သမားတွေကိုပြောလိုက်ပါ့မယ်"

Mew ခေါင်းငြိမ့်ပြလိုက်တော့ အဒေါ်က ထွက်သွားတော့သည်

အဒေါ်ထွက်သွားမှ Mew လဲမနက်စာပြင်ဖို့စတင်လိုက်တော့သည်
အရင်ဆုံးကြက်ဥ​ေကြာ်လိုက်သည်
အဲ့နောက်မှာ ကြက်အူချောင်းလေးပါကြော်လိုက်သည်
ပေါင်မုန့်လေးကိုမီးကင်ကာ ထောပတ်လေးသုတ်ထားလိုက်ပြီး သောက်စရာအတွက်တော့နွားနို့ပဲပြင်ထားလိုက်တော့သည်

(အင်း ဒီလောက်ဆိုရင်တော့ မနက်သာအတွက်အဆင်ပြေပါပြီ)

အကုန်ပြင်ဆင်ပြီးသွားတော့ သူ့အသဲအသက်ကလေးကိုနှိုးဖို့ Mew အပေါ်ထပ်ကိုပြန်တက်လာခဲ့လိုက်သည်

💕💕💕💕💕💕💕💕💕💕💕💕

Gulf နိုးလာလို့ကြည့်လိုက်တော့ ဘေးနားမှာကိုကိုမရှိတော့ အိပ်ယာလေးကိုစမ်းကြည့်တော့ အေးနေပြီမို့  ကိုကိုထသွားတာကြာနေပြီမှန်း သိလိုက်သည်
ကိိုကို့အကြောင်းတွေးလိုက်တာနဲ့ ခေါင်းထဲတရေးရေးပြန်ပေါ်လာတဲ့ မနေ့ညကအကြောင်းတွေ
မနေ့ညက ကိုကို့အနမ်းတွေကြား မွေ့လျော်ခဲ့တာကိုပြန်တွေးမိတွေ ရှက်သလိုလေးပြန်ခံစားလာရတာမို့ စောင်ကိုခေါင်းထိလုံအောင်ဆွဲခြုံလိုက်မိသည်

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now