#Unicode
Gulf လန့်ပြီးလဲကျသွားတဲ့နေရာမှာပဲထိုင်နေမိသည် သူ့ဆီကိုဦးတည်လာတဲ့ကားကတော့ သူ့ကိုမတိုက်မိခင် ဘေးကိုဆွဲချလိုက်တာမို့ ကားလမ်းဘေးကအုတ်ခုံကိုသာဝင်တိုက်မိသွားသည်
"Gulf Gulf လေးဘာဖြစ်သွားသေးလဲဟင် ကိုယ့်ကိုပြပါဦး"
ဘေးနားကနေလာမေးနေတဲ့ ကိုကို့အသံကိုလဲကြားတစ်ချက်မကြားတစ်ချက် ခု Gulf ခေါင်းထဲမှာဘာမှမရှိ ဒီနေရာကနေ ကိုကို့ရှေ့ကနေထွက်သွားချင်တာပဲသိသည်
Gulf အားယူကာထလိုက်တော့တစ်ချက်ယိုင်သွားတာမို့ ကိုကိုကလှမ်းထိန်းပေးသည်
ကိုကို့လက်တွေကိုဆွဲဖယ်လိုက်ပြီး ထွက်သွားဖို့ပြင်တော့ ကိုကိုကနောက်ကနေအတင်းဆွဲဖက်ထားပြန်သည်"Gulf လေး နေပါဦးကွာ ကိုကိုရှင်းပြပါ့မယ်
ခုနက ကိစ္စကလေ.....""မပြောနဲ့ ဘာမှမပြောနဲ့ မကြားချင်ဘူး"
သူ့စကားမဆုံးခင်ဖြတ်ပြောလာတဲ့ Gulf ေ မျက်ရည်တွေကလဲ ကလေးရဲ့ပါးပြင်ပေါ်ကို အလုအယက်ကျဆင်းလို့ မငိုပါနဲ့ကွာ ကိုယ့်ရင်တွေ နာကျင်ရလို့ပါ
"Gulf ရယ် ကိုယ်တောင်းပန်ပါတယ်နော် ကိုပြောတာကိုခနလေးနားထောင်ပေးနော်"
လမ်းမမှာမို့ လူတွေကြည့်နေပေမယ့် အဲ့တာတွေကို Mew ဂရုစိုက်မနေနိုင်ပါ အခုချိန်ဒီလူသားလေးသာ အနားကပျောက်ကွယ်သွားရင် သူရူးသွားမှာ မဟုတ်ဘူး သူဆက်ပြီးရှင်သန်နိုင်တော့မှာတောင်မဟုတ်ဘူး
"Gulf ကိုလွှတ်ပေးလို့ပြောနေတယ်လေ"
"ခနလေးပါကွာ ကိုကိုပြောတာကို....."
"မုန်းတယ် ကိုကို့ ကိုမုန်းတယ်"
"ဟင်..."
ပြောရင်း မျက်ရည်တွေသုတ်ဖို့လှမ်းလိုက်တဲ့ လက်ကလေးဟာ လေထဲမှာတင်ရပ်တန့်သွားရတယ် ဒီစကားလေးနှစ်လုံးကိုကြားလိုက်ရတဲ့ အချိန်ခနလေးမှာ Mew ရဲ့ ကမ္ဘာကြီးက ဗလာနတ္ထိ
သိပ်ချစ်ရတဲ့ကလေးငယ်ရဲ့ နှုတ်ဖျားကထွက်လာတဲ့စကားက မုန်းတယ်တဲ့လားဟင့်အင်း ကလေး ကိုယ့်ကို မုန်းလို့မရဘူးလေ ကိုယ်လဲကလေးကိုချစ်သလို ကလေးကလဲကိုယ့်ကို သိပ်ချစ်တာမဟုတ်လား
![](https://img.wattpad.com/cover/290559147-288-k236842.jpg)
YOU ARE READING
ကံကြမ္မာရဲ့ စေညွှန်ရာ
Fanfictionအချစ်တွေကအဆုံးမဲ့တယ် မင်းနဲ့တွေ့ဖို့ဖန်တီးပေးလိုက်တဲ့ ကံကြမ္မာကိုသိပ်ကျေးဇူးတင်မိတယ်