အပိုင်း ၆

596 25 0
                                    

#Unicode

နောက်ဆုံးတော့ဒီနေ့ကိုရောက်လာပြီဒီနေ့ Mew UK ကိုသွားရတော့မယ် သူချစ်ရတဲ့သူတွေကိုခနလောက်တော့ ခွဲခဲ့ရဦးမှာပေါ့

လေယာဥ်ချိ်န်က မနက်ကိုးနာရီမို့ Mew စောစောထပြီးပြင်ဆင်နေသည် လိုအပ်တာတွေကတော့ အရင်ရက်တွေတည်းကကြိုပြင်ဆင်ထားပြီးသားမို့ ဘာမှထွေထွေထူးထူး လုပ်စရာမရှိ သူရေမိုးချိုးပြင်ဆင်ပြီးတော့အောက်ဆင်းလာခဲ့သည်
အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲက phaw နဲ့ mae ဆီသွားပြီး

"phaw mae သားကန်တော့ချင်လို့"

"အေး သားလာလေ"

Mew လဲ သူ့ phaw နဲ့ mae ကိုထိုင်ကန်တော့လိုက်သည်

"အေးကွယ် mae သားလေး အစစအရာရာအဆင်ပြေပါစေ ဟိုရောက်ရင်လဲ mae တို့ကို နေ့တိုင်းအဆက်အသွယ်လုပ် ကိုယ့်ကိုကိုယ်လဲဂရုစိုက် ဟုတ်ပြီလား"

"ကဲ အမေကြီးကလဲ သားလေး သွားခါနီးစိတ်မကောင်းဖြစ်အောင် အမေကြီးသားက ဒီထက်ပိုတော် ပိုအောင်မြင်လာပြီးရင် ပြန်လာမှာပဲဟာကို"

"အို ရှင်ကလဲ ကျွန်မက သားလေးနဲ့ ဒီလောက်အကြာကြီးမှမခွဲဖူးတဲ့ဟာကို"

"ဟုတ်ပါပြီကွာ ကဲသားငယ်လာပါဦး phaw တို့ဆီ"

Mew လဲphaw နဲ့ mae နားသွားပြီး ဖက်ထားလိုက်သည် သူ့ကိုလဲ ပြန်ပွေ့ဖက်လာကြသည်

"ကဲ သွားကြစို့"

"ခနလေး mae သား ညီ့ကိုသွားနှုတ်ဆက်ချင်သေးတယ်"

"အေး သွားလေသားငယ် သားငယ်လေးကတော့ကောက်နေဦးမလားမသိဘူး သူ့အကို ကိုတော်တော်ချစ်တဲ့ကလေး ဟိုတစ်ပတ် သားမွေးနေ့မှာ သူ့အကိုသွားမယ့်ရက်သိပြီးကတည်းက မိှုင်နေရောပဲ"

Mew လဲ သူ့အမေပြောတာကိုပြုံးပြလိုက်ပြီး Gulf တို့ခြံဘက်ထွက်လာခဲ့သည်
Gulf တို့အိမ်ရောက်တော့ Gulf mae က

"ဟယ် သားMew သွားတော့မှာလား"

"ဟုတ်အန်တီ သားလာနှုတ်ဆက်တာ"

"အေးပါကွယ် ဟိုရောက်ရင်လဲအဆက်အသွယ်လုပ် တစ်ခုခုဆိုလဲပြောဟုတ်ပြီလား အန်တီတို့ကတော့ သားကြီးကိုလွမ်းနေတော့မှာပဲ"

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now