အပိုင်း ၈

644 26 0
                                    

#Unicode

"အန်တီရေ အန်တီ သမီးလာတယ်"

အိမ်ထဲကို အသံပေးပြီးဝင်လာတဲ့သူကြောင့် Mew လဲ ဧည့်ခန်းထဲမှာ laptop နဲ့အလုပ်လုပ်နေရင်း ဘယ်သူလဲလို့ကြည့်လိုက်မိသည်
သူကြည့်လိုက်တုန်း ဧည့်ခန်းထဲကိုဝင်လာတဲ့
Nora

Nora က အံ့သြသွားသလို သူ့ကို ခနကြည့်နေပြီးမှ အနားကိုလာထိုင်ကာ

"Mew....Mew ပြန်ရောက်လာပြီဟုတ်လား တို့တောင်မသိလိုက်ပါလား ဘယ်တုန်းကပြန်ရောက်တာလဲဟင်"

Mew လဲသူ့ဘေးနားလာကပ်ထိုင်ပြီး စကားပြောနေတဲ့ Nora ဘေးကနေတခြားဖက်ကို နည်းနည်းရွှေ့ထိုင်လိုက်တယ်

"Omm တစ်လလောက်တော့ရှိပြီ"

"ဟွန့်  တို့ကိုတောင်မပြောဘူး Mewက"

Nora ကစိတ်ကောက်သလိုပြောလာပေမယ့် Mew ဘာမှပြန်မပြောမိ အလုပ်ကိုသာအာရုံပြန်စိုက်လိုက်သည်
ခနနေတော့ Mew mae ကသူတို့နားရောက်လာပြီး

"သြော် Nora ရောက်နေတာလား"

"ဟုတ် အန်တီ  ဒီမှာမုန့်လာပို့တာ အန်တီတို့ဖို့ ဒါနဲ့ အန်တီ့သားက သူပြန်လာမှာသမီးကိုတောင်မပြောဘူး"

"​Omm သားကအန်တီတို့ကိုတောင်မပြောဘူးလေ ရုတ်တရက်ကြီးပြန်ချလာတာ အံ့သြသွားအောင်လို့ဆိုပြီး"

"သြော်အဲ့လိုလား ဟုပါပြီ အဲ့တာဆိုရင်တော့ခွင့်လွှတ်လိုက်ပါ့မယ်"

Nora စကားကြောင့် Mew ပြုံးမိသည်

(ဟက် ဒီက ခွင့်လွှတ်ဖို့တောင်းဆိုမိလို့လား အပြစ်လုပ်ထားတယ်လို့တောင်မထင်မိတာကို)

"ဒါနဲ့ Mew ဒီနေ့အားလားဟင်"

Laptopနဲ့ အလုပ်ရှုပ်နေတာမြင်ရဲ့သားနဲ့ အားလားမေးလိုက်တဲ့ Nora ကို Mew ဘာပြန်ရမှန်းမသိဖြစ်နေတုန်း Nora ကဆက်ပြီးတော့

"အားရင် Nora ကို shopping လိုက်ပို့ပါလားဟင် Nora ဝယ်စရာလေးတွေရိှလို့"

"Nora ကားပါတယ်မို့လား ကျွန်တော်ကခု အလုပ်လုပ်နေတုန်းမို့လို့ လိုက်ပို့ဖို့ကသိပ်အဆင်မပြေလောက်ဘူး"

"အာာာ Mew ကလဲ Nora ကတစ်ယောက်တည်းမသွားချင်လို့ပါ နော်နော် လိုက်ပို့ပါနော် Mew နဲ့မတွေ့ရတာလဲကြာပြီလေ အဲ့တာကြောင့်ပါ  နော်"

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now