အပိုင်း ၁၃

536 22 0
                                    

#Unicode

Mew အိမ်ရောက်တော့ phaw နဲ့ mae ကိုအကျိုးအကြောင်းပြောပြကာ ခရီးသွားဖို့အမြန်ပြင်ရသည်
phaw နဲ့ mae ကလဲ လမ်းခရီးဂရုစိုက်ဖို့ ပြဿနာကိုခေါင်းအေးအေးထားဖို့ မှာပြီး ခရီးသွားဖိုကူပြင်ပေးနေတယ်
Mew တစ်ပတ်စာလောက် လိုအပ်တဲ့ပစ္စည်းတွေထည့်ပြီး အိမ်အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ Gulf လေး

Mew လဲ phaw နဲ့ mae ကိုစိတ်မပူဖို့မှာပြီး အပြင်ထွက်လာခဲ့တယ်
Mew ကားပေါ်ထိုင်ပြီးတဲ့ ထိ Gulf လေးကဘာမှမပြောသေး

"ကိုကို သွားတော့မယ်နော် Gulf လေး"

"ဟုတ် ဂရုစိုက်နော်"

Mew လဲ phaw နဲ့ mae ရှိနေတာမို့ Gulf ကိုပြုံးပြလိုက်ပြီးတော့ပဲ ထွက်လာခဲ့တော့သည်

Mew ကားလေးထွက်သွားတဲ့ထိ Gulf ရပ်ကြည့်နေမိသည်

"သားငယ်လေး သားကိုကို ကိုစိတ်ပူနေတာလား မပူပါနဲ့ သားကိုကိုက ပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မှာပါ"

"ဟုတ် အဲ့တာဆို Gulf ပြန်တော့မယ်နော်"

"အင်း အင်း သားငယ်လေး"

Gulf လဲ ဘာလုပ်ရမှန်းမသိတာမို့အိမ်ဘက်ကိုပြန်ထွက်လာခဲ့တော့သည်
ဒီနေ့ညတော့ ကောင်းကင်မှာ လမင်းကြီးရှိမနေဘူးပဲ

.........

နောက်တစ်နေ့ Gulf ကျောင်းကို သူ့အိမ်ကလိုက်ပို့တဲ့ ကားနဲ့ပဲသွားလိုက်တယ်

"ဟဲ့ နင့်ကို phi Mew လိုက်မပို့ဘူးလားဒီနေ့"

ကျောင်းရောက်တာနဲ့ Puefai ကစတင်စပ်စုပါတော့တယ်

"ကိုကိုမရှိဘူး ခရီးသွားတယ်"

"မနေ့ကတောင်တွေ့သေးတယ်လေ"

"အင်း မနေ့ညကမှ ကမန်းကတမ်းသွားရတာ အရေးကြီးလို့တဲ့"

"သြော် အဲ့တာကြောင့်နင်က ခုဒီလိုရုပ်ကြီးဖြစ်နေတာပေါ့"

"ငါကဘာဖြစ်နေလို့လဲဟ"

"လင်ပူမိပြီး လွမ်းနာကျနေတာလေ ဟား...
ဟား...."

Puefai စကားကြောင့် ကျန်တဲ့ သုံးယောက်ကပါ လိုက်ရယ်ကြတော့သည်
Gulf ကတော့ဘာမှပြန်မပြောချင်တော့တာမို့အခန်းအပြင်ကိုသာငေးနေလိုက်တော့သည်
အင်း... သူတစ်ကယ်လဲ ကိုကို့ ကိုလွမ်းနေပါပြီလေ

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now