အပိုင်း ၁၉

566 12 0
                                    

#Unicode

"ဘာပြောစရာရှိသေးလို့လဲ မသိဘူး phi Nora"

Gulf တို့ကျောင်းကန်တင်းမှာပဲ စကားပြောဖြစ်ကြတယ်
Mai တို့လဲ ကန်တင်းရောက်လာပြီးတော့ Mild တို့နဲ့လေးယောက်သား တစ်ဖက်ဝိုင်းမှာထိုင်နေကြသည်

"မင်း Mew အနားကနေထွက်သွားပေးပါ"

"ဘာကြောင့်လဲမသိဘူး"

"အဟက် မင်းမသိဘူးလား Mew ကယောက်ျားလေးတစ်ယောက်လေ ပြီးတော့ အပြစ်ပြောစရာမရှိတဲ့သူတစ်ယောက် သူ့အရည်အချင်းပညာအဆင့်အတန်း သူပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေနဲ့ဆို ထက်မြတ်ပြီးအရည်အချင်းရှိတဲ့မိန်းကလေးတစ်ယောက်နဲ့ မှသင့်တော်မှာလေ"

".........."

Gulf ဘက်ကဘာမှပြန်မပြောတာကြောင့် Nora ကလှောင်သလိုတစ်ချက်ပြုံးကာ စကားဆက်ဖို့ပြင်သည်

"ပြီးတော့ လူအများနဲ့ဆက်ဆံထိတွေ့နေရတဲ့ လူတစ်ယောက် အဲ့လိုလူတစ်ယောက်က ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုရင် သူဘယ်လောက်သိက္ခာကျမလဲ မစဥ်းစားမိဘူးလား မင်းမှာ အဲ့လောက်စဥ်းစားတတ်တဲ့အသိဉာဏ်တော့ရှိမယ်ထင်ပါတယ် အဲ့တော့ မင်း Mew အနားကထွက်သွားပေးပါ ပြီးတော့မင်းလိုကောင်လေးတစ်ယောက်ကို Mew ကအတည်တွဲမယ်လို့ထင်နေတာတော့မဟုတ်လောက်ဘူးထင်ပါတယ်"

"phi....."

"ဒီမှာ ရှင်ဘာစကားတွေပြောနေတာလဲ"

Gulf ပြောဖို့ပြင်လိုက်တဲ့အချိန် သူတို့စားပွဲနားကို Mai ရောက်လာပြီး ပြောလိုက်သည် Mai ဘေးမှာတော့ Puefai ကလဲဒေါသထွက်နေပုံဖြင့် အနောက်က Mild နဲ့ Tar ကတော့ Mai တို့ကိုတားမရလို့ ရပ်ကြည့်နေရပုံ

"တို့ဘာပြောလိုက်လဲမင်းမကြားဘူးလား အဟက် မင်းသူငယ်ချင်းတွေက ဦးနှောက်တင်မကဘဲ နားပါမကောင်းတော့ဘူးပဲ"

"ရှင်......"

ရန်ပြန်တွေ့ဖို့ပြောနေတဲ့Mai ကို Gulf မပြောဖို့တားလိုက်သည် ပြီးမှ Nora ဘက်လှည့်ကာ

"ဒီမှာ phi Nora ကိုကိုက အဖက်ဖက်ကပြည့်စုံပြီးအပြစ်ပြောစရာမရှိတဲ့သူတစ်ယောက်ဆိုတာ phi ထက်ကျွန်တော်ပိုသိပါတယ်
ဒါပေမယ့် အဲ့လိုလူက မိန်းကလေးတစ်ယောက်နဲ့မှ လိုက်ဖက်မယ်ဆိုတဲ့ logic ကြီးကတော့မမှန်ပါဘူး
ကိုကို့ လိုလူမျိုးက သူ့အနားမှာအမြဲ အားဖြစ်ပေးနိုင်ပြီး နားလည်ပေးချစ်ပေးနိုင်မယ့်သူပဲလိုအပ်တာပါပြီးတော့ ယောက်ျားလေးတစ်ယောက်နဲ့တွဲတာနဲ့ပဲ သိက္ခာကျရအောင် ကိုကိုက အဲ့လောက်ညံ့တဲ့သူမှမဟုတ်တာ သူများတွေတိုက်ခိုက်တိုင်း ပြုတ်ကျသွားမယ်လို့ထင်နေရင် phi Nora က ကိုကို့ ကို အထင်သေးတာပဲ ကျွန်တော်ကတော့ ကိုကို့အရည်အချင်းကိုယုံကြည်ပြီးသားမို့ စိတ်မပူပါဘူး ယောက်ျားလေးတစ်ယောက်နဲ့တွဲနေလို့ ကိုကို့ ကိုအထင်သေးတဲ့သူတွေကလဲ
ကိုကို့ အရည်အချင်းကိုမြင်နိုင်ဖို့ အဆင့်မမီှလို့ လို့ပဲ ကျွန်တော်သတ်မှတ်ထားပါတယ်
နောက်ဆုံးအနေနဲ့ ကိုကိုက ကျွန်တော်အပေါ် ဘယ်လိုသဘောထားလဲဆိုတာ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော့်ထက် phi ကပိုသိနိုင်ပါ့မလား ကျွန်တော့်ထက် phi ကပိုသိနေမယ်လို့ ကျွန်တော်ကတော့ လုံးဝမထင်ပါဘူး အဲ့တာဆို ကျွန်တော့်ကို ခွင့်ပြုပါဦး သွားစရာလေးရှိသေးလို့"

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now