အပိုင်း ၁၀

671 19 2
                                    

#Unicode

"သား ဒီနေ့နောက်ကျတယ်နော်"

"ဟုတ် mae သား ကိုကိုနဲ့ သွားစရာရှိတာလေး လိုက်သွားလို့"

ကိုကိုက  နေ့လည်ကမြို့ပြင်လောက်ထိမောင်းသွားခဲ့တာမို့ Gulf အိမ်ပြန်ရောက်တော့မိုးချုပ်နေလေပြီ
mae တို့မေးလာတော့ Gulf ဘာပြောရမှန်းမသိတာကြောင့် အဆင်ပြေသလိုသာဖြေလိုက်မိသည်

"သြော် အေးအေး အဲ့တာဆိုသားသွားနားတော့လေ ညစာရောစားလာလား"

"ဟုတ် စားလာပြီ mae သားသွားနားတော့မယ်နော်"

"အေးအေး သား သွားနားတော့"

Gulf လဲ သူ့အခန်းထဲဝင်လာပြီး ကုတင်ပေါ်ထိုင်ချလိုက်သည်
သူနှုတ်ခမ်းလေး သူပြန်ကိုင်မိတဲ့အခါ ညနေကအဖြစ်အပျက်လေးတွေးက ခေါင်းထဲ မှာတရေးရေး

(ငါတစ်ကယ်ပဲ ကိုကိုနဲ့ချစ်သူတွေဖြစ်သွားပြီလား ရင်တွေတုန်လိုက်တာ အခုထိဘာတွေဖြစ်သွားမှန်း သေချာကိုမသိသေးဘူး အာ     မသိတော့ဘူး ခေါင်းရှုပ်လာပြီ)

Gulf ပြန်တွေးရင်း ရှက်လာတာကြောင့်အိပ်ယာပေါ်ပစ်လှဲလိုက်ကာပန်ဒါရုပ်ကြီးကိုဆွဲဖက်ထားလိုက်သည်

ညောင်.....

Gulf သူ့ဘာသာပြန်တွေးပြီး ရှက်နေမိတုန်း
ကြားလိုက်ရတာက Hazard အသံ
Gulf ထထိုင်လိုက်ပြီး Hazard လေးကိုပွေ့ချီလိုက်သည်

"Hazard ကိုကိုက ငါ့ကိုချစ်တယ်လို့ပြောတယ် ငါပျော်လိုက်တာ ရင်တွေလဲ အရမ်းခုန်တယ် မင်းသိလား ငါလေ ကိုကို့ ကိုသိပ်ချစ်တယ်"

သူပြောသမျှကို ပြူးပြူးလေးကြည့်ပြီးနားထောင်နေတဲ့ Hazard ကြောင့် Gulf လေးပြုံးလိုက်မိသည်
ခေါင်းလေးကိုပွတ်သပ်ပေးပြီး ဗိုက်လေးပွတ်ပေးတော့ ငြိမ်ပြီး ဇိမ်ယူနေတဲ့​ကောင်လေး
ခနနေတော့ Gulf လဲ Hazard လေးကို အိပ်ယာပေါ်တင်ပေးလိုက်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲဝင်ခဲ့တော့တယ်

.......

Mew တစ်ယောက် ရေချိုးပြီးလို့ ကုတင်ပေါ်ထိုင်ကာ ဆံပင်ရေသုတ်နေရင်း ညနေကအကြောင်းပြန်တွေးနေမိသည်

သူအခုထိမယုံကြည်နိုင်သေးပါ သူ့အိမ်ကိုမုန့်လာပို့တုန်းက Mew ပထမဆုံးတွေ့ခဲ့တဲ့ကောင်လေး အဲ့တုန်းက သူ့ကိုမရင်းနှီးသေးလို့ စကားတောင်မပြောဘဲ သူ့အမေနားပဲ ကပ်နေခဲ့တာ
သူသိပ်ချစ်ပြီး သိပ်ဂရုစိုက်ပေးချင်ခဲ့တဲ့ကောင်လေးက ခုသူနဲ့ ချစ်သူတွေဖြစ်နေပြီ
သူ့အတွက်တစ်ကယ်အိပ်မက်လိုပင်
ယုံကြည်ဖို့အတွက်တစ်ကယ့်ကိုခက်ခဲလွန်းသည် ဒါပေမယ့် ညနေတုန်းက နှုတ်ခမ်းထူထူလေးတွေကို အပိုင်သိမ်းခဲ့တဲ့ ခံစားချက်လေးကတော့ ခုထိလတ်လတ်ဆတ်ဆတ်ပင်ရှိနေသေးသည်
Mew ဖုန်းဆက်ဖို့ကြံလိုက်ပေမယ့် ဘာပြောရမှန်းသူမသိ အရင်လို ညီအစ်ကိုတွေအဆင့်မဟုတ်တော့တာကြောင့် ဘာစကားတွေပြောရမလဲ သူသေချာမသိသေးပါ
ဒါနဲ့ပဲ ဖုန်းဆက်ဖို့ကိစ္စကိုလက်လျှော့လိုက်တော့သည်

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now