အပိုင်း ၂

772 19 0
                                    

#Unicode

"ညီ လာသွားစို့"

Mew ကျောင်းသွားဖို့ Gulf လေးကိုသွားခေါ်တော့ Gulf ကသူ့ mae လက်လေးဆွဲပြီးအပေါ်ထပ်ကနေဆင်းလာတယ်

Gulf maeလက်ထဲကကျောပိုးအိတ်နဲ့ထမင်းချိုင့်လေးကို Mew ယူလိုက်ပြီး

"သားတို့ သွားတော့မယ်နော်အန်တီ"

"အေးအေး ဂရုစိုက်သွားကြနော်"

"ဟုတ်အန်တီ"

"mae တာ့တာ"

Gulf လေးလဲ သူ့ mae ကိုနှုတ်ဆက်လိုက်တယ်

Mew  တို့ကားနဲ့သွားမှာမို့ Gulf လေးကိုသူတို့ခြံဖက်ပဲခေါ်လာလိုက်တော့တယ်

ကျောင်းမတက်ရသေးခင်ကတည်းက Mew ကGulf မိဘတွေဆီကနေ ကျောင်းတူတူသွားဖို့ ခွင့်တောင်းထားပြီးသား

Mew တို့ နှစ်ယောက်ကျောင်းကိုလာတဲ့လမ်းရဲ့ကားပေါ်မှာ  Mew မနေ့က Gulf ဘေးနားမှာတွေ့တဲ့ကောင်လေးအကြောင်းမေးကြည့်ဖို့တွေးလိုက်တယ်

"ညီ မနေ့ကသူငယ်ချင်းအသစ်တွေရလား"

Mew သူသိချင်တဲ့အကြောင်းကိုမေးကြည့်လိုက်တယ်

"ဟုတ် ရတယ်"

"ဟုတ်လား ကိုကို့ ကို ညီ့သူငယ်ချင်းအကြောင်းပြောပြပါလား"

"ဟုတ် ပြောပြမယ် သူ့နာမည်က Mild တဲ့ Gulf နဲ့အသက်တူတူပဲ သူက Gulf ဘေးနားမှာလာထိုင်တာ Gulf ကိုသူငယ်ချင်းလုပ်ရအောင်တဲ့ ပြီးတော့ သူက Gulf ကိုစကားတွေအများကြီးပဲပြောတယ်"

"ဟုတ်ပါပြီ Gulf ကို ကိုကိုပြော​ပြထားမယ်နော် Gulf လေးသူငယ်ချင်းကြိုက်သလောက်ထားလို့ရတယ် ဒါပေမယ့် ကိုကို့ထက်ပိုချစ်လို့မရဘူးနော် "

Gulf လေးလဲ Mew ကိုပြုံးပြလိုက်ပြီး

"ဟုတ် Gulf ကိုကို့ ကိုပဲချစ်တယ်နော်"

Mew လဲပြန်ပြုံးပြရင်း သူ့ဘေးမှာထိုင်နေတဲ့ Gulf လက်သေးသေးလေးကိုဆုပ်ကိုင်ထားလိုက်တော့တယ်

💕💕💕💕💕💕💕💕💕💕💕💕💕

ဘာလိုလိုနဲ့ Mew တို့ကျောင်းတက်လာတာ တစ်လလောက်ရှိလာပြီ

ကျောင်းဆင်းခါနီး Mew ဘေးနားမှာထိုင်တဲ့က Champ က

"ဟေ့ရောင် နောက်တစ်ပတ် စာမေးပွဲနော် ပြီးတော့နက်ဖြန် ပိတ်ရက် မင်းဆီ ငါတို့စာလာလုပ်မယ်"

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now