အပိုင်း ၁၆

605 20 0
                                    

#Unicode

Mew လဲ Kao တို့နဲ့လိုက်သွားပြီးအပြန်ကျ mae တို့ဆီဝင်ဖို့တွေးလိုက်သည် ရှင်းပြစရာရှိတာတွေရှင်းဖို့ပေါ့

အိမ်မရောက်ခင်ပြန်လာတဲ့လမ်းမှာ

"Hello mae"

"အေးသားငယ်ပြော သားခုတလောအိမ်တောင်ပြန်မလာဘူး အလုပ်တွေများနေတာလားသား"

"ဟုတ် အလုပ်ကသိပ်မများပါဘူး ခုသားအိမ်ပြန်လာနေပြီ mae တို့ကိုပြောစရာရှိလို့ သြော် ဒါနဲ့ Gulf လေးရဲ့မိဘတွေအိမ်မှာရှိကြလား"

"အရေးကြီးလို့လားသားငယ်ရဲ့ Gulf လေး mae ကတော့အိမ်မှာပဲ သူ့ phaw ကတော့နေသိပ်မကောင်းလို့ အလုပ်မသွားဘူးတဲ့ မနက်က ပြောနေတာကြားတယ်"

"ဟုတ် အဲ့တာဆိုအဆင်ပြေတာပဲ Gulf လေးရဲ့မိဘတွေကိုရော mae တို့ကိုရောပြောစရာရိှတာ စောင့်နေပေးနော် သားခနနေရောက်မယ်"

"အေးပါသားရယ် မထိတ်သာမလန့်သာရှိလိုက်တာ mae တို့စောင့်နေမယ်နော်ဖြေးဖြေးလာခဲ့"

"ဟုတ် mae အဲ့တာဆို အိမ်ရောက်မှတွေ့မယ်နော်"

"အေးအေး သား"

Mew လဲဖုန်းပြောပြီး အိမ်ကိုသာဆက်မောင်းလာခဲ့လိုက်တော့သည်

Mew အိမ်ရောက်တော့ mae ကထွက်ကြိုနေသည်

"သားလာ အဆင်ပြေရဲ့လားသားငယ် တစ်ပတ်လောက်အိမ်ပြန်မလာတာ ပိန်သွားသလိုပဲ"

"သားအဆင်ပြေပါတယ် phaw ရောရှိလားဟင်"

"ရိှတယ်သားငယ်"

"ဟုတ် အဲ့တာဆို Gulf လေးအိမ်ဘက်သွားရအောင် သားပြောစရာရှိလို့"

Gulf တို့အိမ်ဘက်ရောက်တော့ Mew ကဘာမှမပြောသေးဘဲငြိမ်နေတာမို့ လူကြီး
လေးယောက်လဲ ဘာမှမပြောဘဲတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းသာငြိမ်နေမိကြသည်

"phaw နဲ့ mae ပြီးတော့ ဒီဘက်က အန်ကယ်နဲအန်တီ တို့ကို သားပြောမယ်ဆိုတဲ့ ကိစ္စကသားနဲ့ ညီ့အကြောင်းပါ အမှန်တော့  သားနဲ့ Gulf လေးကချစ်သူတွေဖြစ်နေကြပါပြီ"

Mew စကားကြောင့် Mew mae နဲ့ Gulf mae လဲ အချင်းချင်းကြည့်ပြီးပြုံးလိုက်မိကြသည်

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now