အပိုင်း ၁၅

577 18 0
                                    

#Unicode

Mew တစ်ညလုံးအိပ်လို့မပျော်တာမို့ နောက်တစ်နေ့မနက်နိုးလာတော့ ခေါင်းကသိပ်မကြည်
မျက်နှာသစ်ပြီးတစ်ခါတည်းရေချိုးလိုက်မှ နည်းနည်းလန်းလန်းဆန်းဆန်းဖြစ်လာသည်
အဝတ်အစားလဲကာ Gulf အတွက်တစ်ကိုယ်ရည်သုံးပစ္စည်းလေးတွေနဲ့ မနေ့ကဝယ်လာတဲ့ အဝတ်အစားလေးတွေထားဖို့အခန်းထဲဝင်လာခဲ့တော့ အအိပ်မက်တဲ့ကောင်ငယ်လေးက အခုထိမနိုးသေး မနေ့ကလူရောစိတ်ရောပင်ပန်းသွားတာလဲ ပါပါလိမ့်မည်

Mew ရေချိုးခန်းထဲဝင်ကာ သွားတိုက်ဆေးလေးပါအသင့်ပြင်ထားပေးပြီး အဝတ်အစားလေးတွေကို ကုတင်ဘေးကစားပွဲလေးပေါ်တင်ပေးထားလိုက်ကာ ပါးလေးကိုတစ်ချက်နမ်းပြီးထွက်လာခဲ့လိုက်သည်

အောက်ထပ်ရောက်တော့ မှာစရာရှိတာမှာကာ မနက်စာတောင်မစားတော့ဘဲ ရုံးကိုထွက်လာခဲ့လိုက်တော့သည်

ရုံးရောက်တော့ သူ့အခန်းထဲတစ်ခါတည်းတန်းဝင်သွားသည်
အတွင်းရေးမှူးကောင်မလေးက အနောက်ကလိုက်ဝင်လာပြီး ဒီနေ့အချိန်ဇယားတွေပြောပြမလို့ လုပ်လိုက်ပေမယ့် Mew က လက်ကာပြလိုက်တာမို့ မပြောဘဲ ရပ်လိုက်သည်

"ဒီနေ့ ဖျက်လို့မရတဲ့ အရေးကြီးကိစ္စတွေပဲပြော တစ်ခြားဟာတွေအကုန် cancel လိုက်တော့"

"ဟုတ် အဲ့တာဆို နေ့လည်တစ်နာရီမှာ ဂျပန်ဘက်က လုပ်ငန်းရှင်တွေ appointment ယူထားတာပဲရှိပါတယ် ကျန်တာကတော့ cancel လို့ရပါတယ်"

"ဟုတ်ပြီ အဲ့တာဆို ပြီးတော့ Kao နဲ့ Champ လာရင် ငါ့ဆီတစ်ခါတည်းလွှတ်လိုက်"

"ဟုတ်ကဲ့ Boss"

အတွင်းရေးမှူးကောင်မလေးထွက်သွားတော့မှ Mew လဲထိုင်ခုံနောက်မှီပေါ်မှီချလိုက်မိသည် နောက်ကျိနေတဲ့ခေါင်းကိုကြည်သွားမလားအတွေးနဲ့ မျက်ခုံးနှစ်ခုကြားကို ဖိနှိပ်နေမိသည်
ခနနေတော့ တံခါးခေါက်သံကြားတာမို့ ဝင်လာခိုင်းလိုက်တော့ Champ နဲ့ Kao တို့ဝင်လာကြသည်

"သားရီး ဘာကိစ္စအရေးတကြီးခေါ်တာလဲ ငါတို့ကို"

"အေးခနထိုင်ဦး"

Mew လဲ အတွင်းရေးမှူးကောင်မလေးကို ကော်ဖီယူလာခိုင်းလိုက်ပြီး သူလဲ Kao တို့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်

ကံကြမ္မာရဲ့ စေညွှန်ရာWhere stories live. Discover now